Professional Authors

ကေသရီ သိစေ!

                                                           ကေသရီ သိစေ!

နှလုံးသား ခြွေချသူက အရူး.။ မသက်ဆိုင်သူတွေ အနားမကပ်ရ!

ငါက ကြေစားသမား။ ဒါပေမဲ့ နင့်အရင် ကွဲအပ်မှုမှာ ဒဏ်ရာထင်ရှား . .

ပြန်ဆပ်သူ ငါ့မှာ . .သစ္စာတရား ပဲ ပါလာတယ်…။ ငါ့အတွက် မလိုအပ်/ မလိုချင်သော .. စက္ကူအပြည့်ကပ်ထားတဲ့ နင့်ဘ၀မှာ . .မက်မောသူအချို့ရဲ့ မာယာကြား. . ကျရှုံးချင်ခဲ့ရင် ငါ.. မလွမ်းဘူး ကောင်မလေး။

လူလိမ္မာ(လူတော်)တွေ မမက်မောတဲ့ ရိုမီယို လို စိတ်ကူးယာဉ်ဇာတ်လမ်းထက်တော့ မိုက်မိုက်မဲမဲ ချစ်ပြတတ်တယ်။

သီတာယဲ့ သစ္စာတရားကို “တော်ပြီလား”လို့ လှောင်တတ်တဲ့ ……….

နင့်အပေါ် ပေးဆပ်ခြင်းတွေအတွက်  .. ဒဿ အသည်း မကွဲပါရစေနဲ့။

ဟောဒီ ဘယ်ဘက် ရင်အုံအောက်က အိတ်ကပ်(၄)ခုထဲမှာ . .. နင့်နာမည် အပြည့်နဲ့ ငါ့ဘ၀ လည်ပါတ်နေတယ်..။

တောင်ပံတစ်စုံ ပိုင်ဆိုင်မယ်ဆို ငါပျံသန်းမှာ နင်နဲ့ အတူ.၊ နင့်အနားမှာ . .. ။

ဒီလိုပါပဲ ကောင်မလေးရေ. . . .

အားနည်းချက်အနေနဲ့ ငါ့မှာ နင့်ကို သိပ်မြတ်နိုးလိုအပ်ကြောင်း၊ သစ္စာပန္နက်အကြောင်း၊ ဘိန်းစားတစ်ကောင်လို နင့်အနားက မခွါနိုင်ကြောင်းတွေ ပြောပြဖို့ ငါ မအားဘူး ..။

နင်သိထားရမှာက တစ်ခုတည်းပါ. .. နင့်ရာဇ၀င်မှာ နင့်အပေါ် အမြတ်နိုးဆုံး၊ တန်ဖိုးထားသူ ငါတစ်ယောက်သာ . .. ဘယ်သူနဲ့ မှ နှိုင်းယှဉ်မရ အစွမ်းကုန် ချစ်ပြမယ့်သူ..။

စက္ကူတွေ အဖိုးတန်/အဖိုးဖြတ်ချင်တဲ့ လူတန်းစားအထဲ ငါ့ချစ်ရသူလေး မပါဝင်ခဲ့လို့ . ..

နင် မြတ်နိုးရင်လည်း သိမ်းပိုက်၊ နင် ကြင်နာရင် ကောက်နမ်း . .. .

ဒါပေမဲ့ . .. ပစ်ချခံရယုံ၊ စွဲလန်းသာယာယုံ နဲ့တော့ နှလုံးသားစတေးရမှာ ငါ နှမျောလို့ .. .

တစ်ကယ်ချစ်ရင်. .. တောထဲလိုက်ခဲ့ပါ. ..

အတူတူ အမဲလိုက်ပါ့မယ်… ကေသရီ!

 

ကေသရာဇာ!

 

ရှင်းသန့်ဖြူ

10.7.2011

03:40 pm

In: ဝတ္ထု Posted By: Date: Jul 18, 2011
Comment #1

သိပ်ကြိုက်ဗျာ..အားပေးနေတယ်

commentinfo By: အသဲကွဲမိုး at Jul 18, 2011
Comment #2

း)

commentinfo By: မိုးသစ်လေပြေ at Jul 19, 2011
Comment #3

ဟီးဟီး…..ဒို့လည်း ကေသရီပဲ…..
ဒါပေမယ့် လိုက်ရဲဝူးဟ တောထဲတော့…..(နောက်တာပါ)
အားပေးသွားပါတယ်….။
စာသားလေးတွေကောင်းတယ်….
သိစေချင်တဲ့ ကေသရီ သိပါစေဗျာ….။ 😀

commentinfo By: ကေသရီ at Sep 26, 2011
Comment #4

အားပေးသွားပါတယ်… ။
ကောင်းတယ်ဗျာ…အမဲအတူလိုက်မယ်ဆိုတော့….

commentinfo By: ကြယ်စစ်သည် at Sep 26, 2011
Comment #5

ဟောဒီ ဘယ်ဘက် ရင်အုံအောက်က အိတ်ကပ်(၄)ခုထဲမှာ . .. နင့်နာမည် အပြည့်နဲ့ ငါ့ဘ၀ လည်ပါတ်နေတယ်..။

အိုဗျာ… မတွေးမိတဲ့ အတွေးတစ်ခုပဲ

commentinfo By: ရွှေနဒီ at Sep 26, 2011
Comment #6

ကောင်းတယ်ဗျာ အားပေးနေပါသည်

Comment #7

တစ်ကယ်ချစ်ရင်. .. တောထဲလိုက်ခဲ့ပါ. ..

အတူတူ အမဲလိုက်ပါ့မယ်… ကေသရီ!

ကေသရီ ငါလည်း အဲလိုမျိုး ခေါ်လိုက်ချင်မိတော့တယ်…..

commentinfo By: minmyat at Sep 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment