Professional Authors

သိစေ…..

#သိစေ…..

သွားလော့ချစ်သူ
နင်နဲ့ငါ ကမ္ဘာခြားသွားတာ မဟုတ်ပေမယ့်
အသေအချာ ဝေးခဲ့ပြီ .။

ထားလော့ချစ်သူ
ငါနေရစ်ပါ့မယ်
ဟိုတုန်းကလိုပဲ
ငါတို့ဟာ သူစိမ်းတွေပေါ့

သိလော့ချစ်သူ
ငါနင့်ကို ဘယ်လောက်ချစ်တယ်ဆိုတာ
ဆံခြည်တစ်မျှင်ချင်းကိုတောင် ယုယခဲ့တာကို

လျှောက်လော့ချစ်သူ
နင့်ဘဝခရီးကို
ပျော်ရွှင်ပေါ့ပါးစွာ

ပြုံးလော့ချစ်သူ
နင့်သွားမဲ့ လမ်းခရီးမှာ
အနာဂတ်ဟာ မွှေးမွှေးကြူနေတယ်

ရတယ် နှုတ်မဆက်တော့နဲ့
နင်သွားမဲ့လမ်းမှာ
ငါ့မျက်ရည်နဲ့တံတားခင်းထားတယ်
ရဲရဲသာဆက်လျှောက်
ငါ့သစ္စာကခိုင်တယ်။။။

မယိုင်မနဲ့တဲ့မေတ္တာ
နင့်အပေါ်ထားတယ်ဆိုတာ
သိစေ…..
ဒီဘဝတော့ ဒီမျှ ……။

#သုခေတ်

In: ကဗျာ Posted By: Date: Dec 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment