Professional Authors

မိုက်ရူးရဲဆန်တဲ့ငါ……(ကေသရီ)

နင် ငါ့ကို မချစ်မှန်းသိပေမယ့်

ဖြစ်တည်ခဲ့ဖူးတဲ့ သံယောဇဉ်ကို အမှီပြုပြီး

ငါက နင့်အနားမှာပဲ နေလိုတဲ့သူ..။

 

နင် ငါ့ကို မလေးနက်မှန်းသိပေမယ့်

ငါ အလိုရှိနေတဲ့အချိန်တိုင်း အရောက်လာပေးတတ်တဲ့ နင့်ကို

မြတ်နိုးစွာနဲ့ပဲ ငါက အစားထိုးဖို့ ခက်ခဲခဲ့တဲ့သူ.။

 

ခပ်ဝေးဝေးဘ၀နဲ့ အချိန်တို့များစွာ ကျင်လည်ခဲ့ဖူးပေမယ့်

ငါတို့လက်ဖ၀ါးချင်း အထိအတွေ့မှာ .

တခါက ရင်ခုန်သံတွေကို ငါက ပြန်တမ်းတလိုချင်နေမိတဲ့သူ.။

 

ငါ့အတွက် နင့်မှာ အိပ်မက်တွေ မရှိမှန်းသိပေမယ့်

တည်ဆောက်လိုတဲ့အနာဂတ်တစ်ခုမှာ

နင့်ကိုသာ အားကိုးအမှီပြုချင်ခဲ့တဲ့သူ

 

နင် ရွေးချယ်မယ့်သူဟာ ငါ မဖြစ်နိုင်မှန်းသိပေမယ့်

ပြန်ပြုပြင်လိုတဲ့ အတိတ်တစ်ခုထဲမှာ

နင်နဲ့သာပေါင်းစပ်ခွင့်ရဖို့ နောင်တတွေနဲ့ ဆုတောင်းနေမိတဲ့သူ.။

 

နင်နဲ့ငါရဲ့ နိဒါန်းမှာ ဆုံးရှုံးမှုတွေ အများဆုံးနေရာယူထားမှန်းသိပေမယ့်

၁% လောက်ဖြစ်နိုင်ချေလေးကို ကောက်ရိုးတစ်မျှင်လို့ ယူဆပြီး

ရောက်ရှိလာမယ့် နိဂုံးတစ်ခုကို ပျော်တစ်လှည့် ငိုတစ်ခါနဲ့ စောင့်စားနေမိခဲ့တဲ့သူ.။   

 

In: ကဗျာ Posted By: Date: Jan 2, 2013
Comment #1

Hit to my heart deeply

commentinfo By: ei lay at Jan 2, 2013
Comment #2

မကေ…
ဟုတ်တယ်…မကေ အဲဒါမိုက်ရူးရဲဆန်တာပေါ့…။ဟဲဟဲ
ခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 2, 2013
Comment #3

ခံစားချက်ပြင်းပြင်းနဲ့ရေးထားတဲ့ ကဗျာလေးဘဲ
ဖတ်သွားပါတယ်
ဒီဆိုဒ်လေးမှာ မကေကဗျာတွေမမြင်ရတာကြာပြီဗျ ~~

With respect,
RAY

commentinfo By: X - ray at Jan 2, 2013
Comment #4

DAW KK

ခံစားအားပေးသွားပါတယ်ခင်ညာ..နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေကြောင်း အထူးဆုမွန်ကောင်းတောင်းလျှက်

DAW MOE

commentinfo By: အသဲကွဲ မိုး at Jan 3, 2013
Comment #5

ဟုတ် DAW MOE
ဆုတောင်းလေးအတွက်ရော အားပေးတဲ့အတွက်ပါ DAW KK က ကျေးဇူးတင်ပါတယ်…။ ။

commentinfo By: ကေသရီ at Jan 3, 2013
Comment #6

အားပေးသွားပါတယ် ကေရေ..

commentinfo By: kyi kiyi at Jan 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment