Professional Authors

“အဲ့ဒီ့အတွက် ……..။ ။”(ကေသရီ)

နင့်ရဲ့ ဥပက္ခာတွေက

ငါ့ကို တစ်ယောက်တည်းရှင်သန်တတ်အောင် လေ့ကျင့်ပေးခဲ့တယ်

အဲ့ဒီ့အတွက် နင်နဲ့အတူ နောက်ထပ်ဘ၀ ငါ….ထပ်မလိုအပ်တော့ပါဘူး….။

 

နင့်ရဲ့ ဂရုမစိုက်မှုတွေက

ငါ့မျှော်လင့်ချက်တွေကို နင်နဲ့ပတ်သက်လာရင် မှေးမှိန်စေခဲ့တယ်

အဲ့ဒီ့အတွက် နင့်ဆီက တူညီတဲ့ပြောင်းလဲခြင်းမျိုး ငါ….ထပ်မတမ်းတတော့ပါဘူး….။

 

နင့်ရဲ့ မေ့ဖျောက်ထားခြင်းတွေက

ငါ့နှလုံးသားကို မာကျောလာအောင် ထုဆစ်ပေးခဲ့တယ်

အဲ့ဒီ့အတွက် နင့်ရဲ့နူးနူးညံ့ညံ့ဆက်ဆံမှုတွေကို ငါ….မတောင်းတတော့ပါဘူး….။

 

နင့်ရဲ့ အတ္တတွေက

ငါ့ရဲ့သဘောထားတွေ ကွဲပြားလာအောင် စွမ်းဆောင်ပေးခဲ့တယ်

အဲ့ဒီ့အတွက် နင်ဖန်ဆင်းပေးမယ့် ငါ့အနာဂတ် ငါ ထပ်ပြီး မတပ်မက်တော့ပါဘူး….။

 

နင့်ရဲ့ အယူအဆတွေက

ငါ့ရဲ့ရှိစုမဲ့စု မာနလေးတွေ ပေါ်ပေါက်လာအောင် နှိုးဆွပေးခဲ့တယ်

အဲ့ဒီ့အတွက် နင်ပေးအပ်မယ့် ရင်ခွင်တစ်နေရာ ငါ ပိုင်ဆိုင်လိုမှု မရှိတော့ပါဘူး…။

 

နင့်ရဲ့ အချစ်ဆိုတာက

ငါ့ရဲ့ ယုံကြည်မူတွေကို နောက်တစ်ကြိမ်တည်ဆောက်ခွင့်မရှိတော့အောင် သင်ခန်းစာတွေပေးခဲ့တယ်

အဲ့ဒီ့အတွက် နင့်ကြောင့် အချစ်ဆိုတဲ့အရာကို ငါ အယုံအကြည် မရှိတော့ပါဘူး….။

 

In: ကဗျာ Posted By: Date: Dec 4, 2012
Comment #1

R lar larr
Pout kwe nay pyan p kwa
Sate ne ne shot par naw
Just teasing par.
Arr pay twar par de

commentinfo By: Ei lay at Dec 4, 2012
Comment #2

ဟူးးးးးးးးးး
မကေ….ကွက်တိရင်ကိုထိမှန်းသော..ကဗျာပဲဗျာ…..
တကယ်ကို……ခံစားချက်များနဲ့အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 4, 2012
Comment #3

ဟုတ်တယ် .. ကျမလည်း အဲလိုပဲရှင့် .. မကေ အားပေးနေတယ် .. အဖြစ်တူတဲ့ ညီမလေး

commentinfo By: မေပျို at Dec 4, 2012
Comment #4

အချိန်အကြာကြီးမှ နောက်ထပ်အသစ်ဖတ်ရတဲ့
ကေ့ကဗျာ
အားပေးသွားပါတယ်။

commentinfo By: hma at Dec 5, 2012
Comment #5

နင့်ရဲ့ အချစ်ဆိုတာက

ငါ့ရဲ့ ယုံကြည်မူတွေကို နောက်တစ်ကြိမ်တည်ဆောက်ခွင့်မရှိတော့အောင် သင်ခန်းစာတွေပေးခဲ့တယ်

commentinfo By: sharon myorr myor at Dec 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment