………………မင်းလေး သိစေ……………….
မင်းတစ်ချက်ပြုံးတိုင်း
ဒီရင်တစ်ဖက်က
အိနြေ္ဒမရှိအောင်.. .ခုန်တယ်
မင်းတစ်ချက်ကြည့်တိုင်း
ဒီနှုတ်ခမ်းတစ်စုံ
လူတွေမသိအောင်.. .တုန်တယ်
ဘာတွေလဲ ? ??
ဘယ်လိုတွေလဲ ? ??
ကြာရင်တော့ ~
အိပ်မက်တွေလည်း
ခြေထောက်ပေါက်ပြီး
မျက်ကန်းတစ်စုံနဲ့
ဖိနပ်စီးရတော့မယ် ကိုယ့်လူရေ ~~
ကောလဟာလတွေ
ပေပွနေတဲ့
ခပ်နွမ်းနွမ်း
ရင်ဘတ်တစ်ခြမ်းမှာ
မင်း.. .တစ်ဦး. ..တည်း. .အတွက်
လှိုက်လှိုက်လှဲလှဲခုန်နေတဲ့
နှလုံးသားတစ်စုံရှိတယ်ဆိုတာ
မင်း သိပါစေ. ..
မင်း ပစ်ထားတာ ကြာလို့
ဟိုး… .ရင်ဘတ်ကြမ်းပြင်က အချစ်
ရင်ခွင်အပြင်ထိ
စုတ်ပြတ်ထွက်သွားရင်တောင်
တစ်ပွင့်စီ
ငါ လိုက်ကောက်နေမယ်ဆိုတာ
မင်း သိပါစေ. ..
နောက်ဆုံးတော့လည်း
မင်းအတွက်ဆိုပြီး
အခါခါ. .ငါ…….. ..အန်ချခဲ့တဲ့
နှလုံးသားက
မျက်ရည်တွေကို
မင်း တစ်ယောက် ဘာသာမပြန်တတ်ခဲ့ဘူးဆိုတာ
မင်း သိပါစေ. ..။
Ray
(05:00)
Comment #2
X ray yae .. kyote lae ti twar p 😛
poem lay kg ei .. 😉
dar nae kyote pyout so … a lote a yan shote nay tar koe 😀
(khu tot pyan lar p)
By: ရွှေငါး at Nov 29, 2011
Comment #3
ကဗျာလေး ခံစားအားပေးသွားကြတဲ့ မအိလေး နဲ့ မရွှေငါး ကို တကယ်ကျေးဇူးတင်ပါတယ် မရွှေငါးပြန်လာပြီဆိုတာကြားလို့ Ray တကယ်ဝမ်းသာတယ်ဗျ အစ်မရဲ့ ကဗျာကောင်းတွေအများကြီးကို မျှော်လင့်ထားပါတယ် ။
By: X - ray at Nov 30, 2011
Comment #4
နောက်ဆုံးတော့လည်း
မင်းအတွက်ဆိုပြီး
အခါခါ. .ငါ…….. ..အန်ချခဲ့တဲ့
နှလုံးသားက
မျက်ရည်တွေကို
မင်း တစ်ယောက် ဘာသာမပြန်တတ်ခဲ့ဘူးဆိုတာ
By: sharon myorr myor at Nov 30, 2011
Comment #5
ကဗျာလေး ဖတ်သွား အားပေးသွားတဲ့ sharon myorr myor ကျေးဇူးပါဗျာ ။ နောင်လည်း ကျွန်တော့ကဗျာလေးတွေ လိုတာရှိရင် ဝေဖန်နိုင်ပါတယ် အားလုံးရဲ့ ဝေဖန် အကြံပေးမှုကို အမြဲတန်ဖိုးထားလျှက်ပါ ။
By: X - ray at Nov 30, 2011
Comment #6
ကျွန်တော်လဲ ရန်ခုန်တတ်ချင်တယ်
By: Lazy Guy at Dec 27, 2011




Comment #1
x ray ye min lay dot ma ti bu.
ei lay ka dot ti twar p. be lo loak kya ma le?
teasing u,
really really nice poem.
i like so much,