Professional Authors

အိမ်မက် မဟုတ်တဲ့ …. ည …။

အိမ်မက် မဟုတ်တဲ့ …. ည …။ (Essay)

ည ….
အတွေးအချို့ကို ညနက်နက်ထဲ ခုတ်မောင်းရင်း
အိမ်မက်တစ်စင်း ဖန်ဆင်းလိုက်တယ်
ပျော်ရွှင်ခြင်း ဆတူ ရောထားတဲ့ ရင်ခုန်သံက
နှလုံးသားကို .. မူး ယစ် ရီ ဝေ စေ တယ်
လေညှင်းတို့သည်လည်း
သူ့ အရိပ်တို့ဖြင့် ယှဉ်တွဲ က ခုန် နေကြတယ်။

ယစ်မူးခဲ့ပါတယ် .. သူ့အပြောတွေအောက်မှာ
ချယ်ရီဝိုင်လိုယစ်မူးတဲ့ စကားလုံးတွေက
စတော်ဘယ်ရီရောင်တောက်နေတယ်။
မဟူရာညအတွက် လေတိုးသံမှအပါး
သူ့ စကားတွေနဲ့ အသက်ဝင်နေတယ်။
အဲဒီညမှာ ဆွတ်ပျံ့ကြည်နူးခြင်းတွေက ဝေဝေဆာတယ်…။
ကောင်မလေးရေ … ငါ တော့ အထိန်းအကွပ်မဲ့နေပြီ
ထိန်းမနိုင် သိမ်းမရ … သိုဝှက်ထားတဲ့ စကားလုံးတွေနဲ့ ခုန်ဝင်လိုက်တယ်
There is no words to say how I love you!

တစ်ခုခုပဲ … ပြောသင့်တာတွေလည်း ပြောချင်တယ်
မပြောသင့်တာတွေလည်း ပြောချင်တယ် ….
ပြောသင့် မပြောသင့်တာတွေ ဖွင့်ဟလိုက်တဲ့ အဲ့ဒီညက
ငါ့ကိုယ်ငါ ပျောက်ဆုံးသွားတယ်…. ။
သူ .. ငါ … ပြန်ရှာကြည့်တယ်.. တစ်ခုခုကို ပြန်တွေ့တယ်
ငါ …. ရင်ခုန်နေတယ် …
ကြာပြီ …. အဲ့ခံစားချက်ကို မရတာ …
အထူအပါး အတိုင်းအဆမရှိတဲ့ ခံစားချက်ကို ငါမေ့နေတာ ကြာပြီ ….
အဲ့ဒီနောက် … အတိတ်ကိုတော့ ပြောင်းပြန်မလျှောက်ချင်ဘူး
ငါ … အနာဂတ်ကို မျှော်လင့်ရင်းနဲ့ …. ပစ္စုပ္ပန်ကိုပဲ တန်ဖိုးထားချင်တယ် … ။

ကောင်မလေးရေ … ငါတွေးမိတယ်ကွာ။ မင်းစကားပြောနေတဲ့အချိန်
မျက်ဝန်းတွေက ဓူဝံကြယ်လို လင်းလက်နေမလား ….
ပန်းတစ်ပွင့်လို ပြုံးနေမလား …. နူးညံ့စွာ တွေးမိတယ် …။
ဝန်ခံပါတယ် အိမ်မက်ဆန်တဲ့ ညအတွက် ပဉ္စလက်စကားလုံးတွေဟာ
လျှို့ဝှက်ဆန်းကြယ်တယ်.. ။
အတ္တကြီးတယ်ပဲ ဆိုကြပါစို့ … ဟုတ်တယ် ကောင်မလေးရေ ငါ နင့်အတွက်ဆို
အရာရာ ဖြစ်ချင်တယ် …. ။

သုခေတ်
(9:32 PM)
16.1.2015

In: စကားပြေ Posted By: Date: Jan 17, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment