Professional Authors

သို့……………….ရင်ဖွင့်စာ

ငါဟာ ငါ့ခံစားချက်တွေကိုဦးစားပေးတာများပြီ
တစ်ဖက်သားခံစားချက်ကို နားမလည်ခဲ့ဘူး
ဒါပေမဲ့မဟုတ်ဘူး
ငါဟာ ငါ့ခံစားချက်ကို ဦးစားပေးတာမဟုတ်ဘူး
သိမ်ငယ်တာ၊ စိုးရွံ့တာ၊ သတ္တိမရှိတာ၊ သူတပါးအထင်သေးမှာကြောက်တာ
နင့်ကိုမချစ်လို့မဟုတ်ဘူး
ချစ်လို့မပြောတာပါ
နင်ဘ၀ကိုသာယာစေချင်တယ်၊ ပျော်ရွှင်စေချင်တယ်
ဘယ်တော့မှ နင့်မျက်လုံးကို အမှောင်မမြင်စေချင်ဘူး
ငါလိုလူကိုစိတ်မ၀င်စားတာပဲကောင်းမယ်
ကြော်ငြာတာမဟုတ်ပါဘူး၊ အသိပေးတာပါ
နင်နဲ့ငါနဲ့အသံတိတ်ရန်ပွဲတွေဖြစ်ခဲ့တာလည်းများပြီ
ဒါပေမဲ့……………..
ငါတောင်းပန်ပါတယ်
ငါ့ဘ၀ကိုငါရူးအောင်မလုပ်ပါဘူး
ငါ့ဘ၀ကြီးကျယ်လာရင် နင်ကိုလည်းခမ်းနားစေချင်တယ်
ဒါငါစေတနာအမှန်တွေပဲ
ယောင်ယမ်းပြီးပြောတာမဟုတ်ပါဘူး
တကယ်ပါဗျာ………………………….

In: ကဗျာ Posted By: Date: Jul 6, 2011
Comment #1

နင်ဘ၀ကိုသာယာစေချင်တယ်၊ ပျော်ရွှင်စေချင်တယ်
ဘယ်တော့မှ နင့်မျက်လုံးကို အမှောင်မမြင်စေချင်ဘူး
ငါလိုလူကိုစိတ်မ၀င်စားတာပဲကောင်းမယ်
ကြော်ငြာတာမဟုတ်ပါဘူး၊ အသိပေးတာပါ
နင်နဲ့ငါနဲ့အသံတိတ်ရန်ပွဲတွေဖြစ်ခဲ့တာလည်းများပြီ

commentinfo By: May Kha at Jul 6, 2011
Comment #2

နင့်ကိုမချစ်လို့မဟုတ်ဘူး
ချစ်လို့မပြောတာပါ

commentinfo By: အသဲကွဲမိုး at Jul 6, 2011
Comment #3

အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Jul 6, 2011
Comment #4

ဒါပေမဲ့……………..
ငါတောင်းပန်ပါတယ်
ငါ့ဘ၀ကိုငါရူးအောင်မလုပ်ပါဘူး
ငါ့ဘ၀ကြီးကျယ်လာရင် နင်ကိုလည်းခမ်းနားစေချင်တယ်
ဒါငါစေတနာအမှန်တွေပဲ
ယောင်ယမ်းပြီးပြောတာမဟုတ်ပါဘူး
တကယ်ပါဗျာ………………………….။

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment