Professional Authors

ရင်နှင့်ရင်းရသော အိမ်မက်

အန္တရယ်တွေ ကာရံ ပါရစေ တဲ့

တံတိုင်းကြီးတည်ဆောက်ပေးခဲ့တယ်

တစ်လောကလုံး ကို စောင်လိုခြုံ

စိတ်တွေလည်း ခေါင်လိုလုံ ခဲ့တယ်

 

တစ်ရေးနိုးတော့

တံတိုင်းကြီး ပျောက်သွားတယ်

ငါ့ မြို့ရိုး လည်း ချိုးဖျက်ခံ ရလို့

ငါ့ စိတ်တွေလည်း ပြိုပျက်ကျန် ခဲ့ ပြီ

ငါ တစ်ယောက်တည်း

မြို့ပျက်ကြီး အလယ်မှာ

တစ်ကိုယ်တည်း မတ်တပ်ရပ်လို့ ……………..

 

In: ကဗျာ Posted By: Date: Apr 29, 2011
Comment #1

so much cruel.

commentinfo By: ei lay at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment