Professional Authors

ကြေးမုံကွဲစများ

ချစ်ကြပါ။ ချစ်ကြပါ။ မေတ္တာထားကြပါ။ ”

“ဟဲ့ဟဲ့ အော်..မေတ္တာထားဆိုတာမေတ္တာသုတ်ရွတ်ခိုင်းတာမဟုတ်ဘူးမြေးရဲ့။ ဒုတ်စာမိလိမ့်မယ်။ ဟိုမယ်တွေ့လား နင့်အဖေ မူးနေတယ်။ နင်တို့လာရိုက်မှာစိုးလို့ပြောနေတာဟဲ့။ ”

“ငါ့သမီးရေ..“မိတိုးတက်” ဘယ်ရောက်နေတုန်းဟဲ့ အော် ဒီအချိန်ကြီးထိ  အိပ်နေရလားဟယ် ညည်းနှယ် “စားစား”တို့ “၀တ်ဝတ်”တို့ “နေနေ”တို့ကို မွေးထားပြီး အိပ်နေလိုက်တာအေ ကြည့်စမ်း။ နင့်ယောင်္ကျား “ဆုပ်ကပ်” တို့များ အမြဲတန်းကလေးတွေရိုက်နှက်နေတာပြောဦးမှပေါ့ဟဲ့”

“ဟဲ့ မြေးမလေး စားစားကဆာလို့တဲ့ငိုနေပြီ”

“အယ် မြေးလေးဝတ်ဝတ်ကလည်း ချမ်းနေရှာပြီတော့”

“နေနေရေ နင့်မလဲ နားရတယ်ကို မရှိပါလားအေ။ အမြဲတန်းဈေးလည်ရောင်းနေရတယ်”

“ကျွတ်ကျွတ် ဒုက္ခ ဒုက္ခ ငါကလည်း အရင်လို“ မြန်”လည်းမမြန်တော့ “မာ”လည်းမမာတော့တာခက်တယ်အေ။ ပြောရင်းတောင် နာလာပြီ။ နှိပ်စမ်းပါဦး မ“၀န်ထမ်း”ရဲ့။ အမလေး      “ မိတိုးတက်” ရယ် နင်အိပ်ချင်တိုင်း အိပ်နေတာနဲ့ ငါ့နာမည်လဲ “နှေးပျော့”လို့ပြောင်းရမလိုဖြစ်နေပြီအေ့…။”

 

တက်ခေတ်

In: စကားပြေ Posted By: Date: Oct 28, 2012
Comment #1

တက်ခေတ်စာတွေတော့ကြိုက်သွားပြီ…

commentinfo By: SoFarAwayFromU at Nov 7, 2012
Comment #2

ကျေးဇူးတင်ပါတယ် အကိုရေ..

commentinfo By: TK at Nov 7, 2012
Comment #3

မိုက်တယ်နော်—:p

commentinfo By: mayviolet at Nov 7, 2012
Comment #4

း p

commentinfo By: TK at Nov 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment