Professional Authors

ရယ်ရခြင်းများ

ရယ်ရခြင်းများ

ရယ်ရတယ်
ငိုစရာတွေကလည်း ရယ်ရတယ်
သနားတယ်ဆိုတာကလည်း ရယ်ရတယ်
ဒိုင်ယာရီတွေဖြဲပစ်လိုက်တာကလည်း ရယ်ရတယ်
စောက်သုံးမကျဘူးဆိုတာကလည်း ရယ်ရတယ်
အတည်တကျမရှိတဲ့တိမ်တွေကလည်း ရယ်ရတယ်
အပယ်ခံရတဲ့ခံစားမှု့တွေကလည်း ရယ်ရတယ်
စည်းချက်မရှိတဲ့သံစဉ်တွေကလည်း ရယ်ရတယ်
ဖြစ်လာမှမဟုတ်တဲ့မျှော်လင့်ချက်ကလည်း ရယ်ရတယ်
ရှုပ်ပွစုတ်ပြတ်ခြင်းကလည်း ရယ်ရတယ်
တစ်ယောက်တည်းသေရတာကလည်း ရယ်ရတယ်
အဲ့ဒီလိုနင်ထင်တာကလည်း ရယ်ရတယ်
အနက်ရောင်မျက်ဝန်းတွေကလည်း ရယ်ရတယ်
ဘယ်သူမှမသိတာကလည်း ရယ်ရတယ်
အချစ်ဆိုတာကတော့
အရယ်ရဆုံးပဲပေါ့…။

မြေနံ့

In: ကဗျာ Posted By: Date: Jul 3, 2011
Comment #1

မထင်…………..။ဟဲဟဲ နောက်တာပါ….။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #2

အကြိမ်တစ်ရာ ငါငိုဖူးတယ် ဘယ်နှစ်ခါ နင်မြင်ဖူးသလဲ…!!
ကျားပေါက်သီချင်း ဆိုပြတာနော်…။

commentinfo By: မြေနံ့ at Jul 10, 2011
Comment #3

အချစ်ဆိုတာ ဒီကဗျာထဲကလိုသာ ရီရတယ်ဆိုရင်တော့ တစ်ဖက်သတ်ကြိတ်ချစ် ၊ ခိုးချစ် ၊ ချောင်းချစ်နေရတဲ့ သူတွေကတော့ ပိုရီရမှာပေါ့ဗျာ နော် ( just kidding)
အကြောင်းအရာတစ်ခုတည်းကိုအခြေခံပြီး အတွေးတွေဆင့်ရေးထားတဲ့ ကဗျာလေးဆိုတော့ ဖတ်ရတာ ပေါ့ပေါ့ပါးပါးရှိတယ်ဗျ
ကိုမြေနံ့ ရဲ့ တခြား….တခြားသော ကဗျာတွေကိုလည်း ဖတ်ဖူးတယ်
အရေးအသားကို လေးစားမိပါတယ် ။

commentinfo By: X - ray at Jan 15, 2012
Comment #4

hin,,hote lar?
ei lay ka dot e lo htin bu.
he,,he,,

commentinfo By: ei lay at Jan 15, 2012
Comment #5

ကျေးဇူးပါပဲ ကို X-ray …
ဒါပေမယ့် ယောက်ကျားလေးမဟုတ်ပါဘူး…
မိန်းကလေးပါ….

ဒါနဲ့ မအိလေး က ဘာကိုမထင်တာလဲ…

commentinfo By: SoFarAwayFromU at Jan 15, 2012
Comment #6

hin,,,
hote,,d lo par
ei lay a twat yee hma ma yee ya tar,,,
ngo pe ngo nay ya tar koe,
yee ya de a chain tway ko let choe yae loh ya de lay

commentinfo By: ei lay at Jan 15, 2012
Comment #7

ဟို… ဒါကလည်း ရယ်ရတယ်လို့ရေးပေမယ့်
ဆိုလိုချင်တာက ရယ်ရတာကို ဟုတ်ဘူးလေ
ငိုရလွန်းလို့ကို အမြင်ကတ်ပြီး ပြောင်းပြန်ရေးထားတာ…

commentinfo By: SoFarAwayFromU at Jan 15, 2012
Comment #8

aww,,he,,he,,
ti bu lay loh,,
ei lay ka a de pyaw tar hmat nay dar,

commentinfo By: ei lay at Jan 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment