Professional Authors

“ စိတ်ကူးတည့်ရာ ”

အခုတလော ဥယျာဉ်မှာပန်းမပွင့်ဘူး
မြင်နေကျ ဆောင်းကလည်း
ထူးထူးခြားခြား မျက်နှာပြောင်းထားတယ် ။

တွင်းအောင်းသတ္တ၀ါတွေမြူးဖို့အတွက်ပဲဆိုရင်
ဒို့ မြန်မာတွေက ဂူအောင်းမျိုးမဟုတ်တော့
အဲဒီ့မိုးကို ရိုက်ချိုးဖို့ပဲရှိတော့တယ် ။

သိုးသိုးသန့်သန့် သတင်းတစ်ခုကြားလိုက်တယ်
နံနက်ခင်းမှာ …
ဒီဇင်ဘာဆိုတဲ့စာမျက်နှာ ပါမလာဘူးတဲ့ … ။

ပါဝါကပဲ တက်လာတာလား
မှန်ကပဲ ပျက်သွားတာလား
ဘယ်နားမှာ မှားနေလဲမသိတဲ့
သက်ပုံတွေကြောင့်
အဲဒီ့ ၀ါကျတွေကမှန်နေပြန်တယ် ။

ကွဲပြန်ပြီဟ …
အော် … ငါကလည်း မှန်ကိုမှကန်ခဲ့မိတာကိုး …

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

အခုတလော ဥယျာဉ်မှာပန်းမပွင့်ဘူး
မြင်နေကျ ဆောင်းကလည်း
ထူးထူးခြားခြား မျက်နှာပြောင်းထားတယ် ။

တွင်းအောင်းသတ္တ၀ါတွေမြူးဖို့အတွက်ပဲဆိုရင်
ဒို့ မြန်မာတွေက ဂူအောင်းမျိုးမဟုတ်တော့
အဲဒီ့မိုးကို ရိုက်ချိုးဖို့ပဲရှိတော့တယ် ။

commentinfo By: May K ha at Dec 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment