Professional Authors

လိမ်ဖို့ လိုသလား

 လိမ်တာမကောင်းဘူးဆိုတာ လူတိုင်းသိကြပါတယ်။ဒါပေမဲ့လူတွေဟာအနည်းနဲ့ အများတော့လိမ်နေကြတာ
    ပါဘဲ။ကိုယ်အဆင်ပြေဖို့၊ ကိုယ့်ဘ၀တိုးတက်ဖို့၊ ကိုယ်ပျော်ရွှင်ဖို့အတွက်ဘာမှမကြောက်ဘဲ လိမ်နေကြတာပါ။
   လိမ်နေတဲ့အချိန်မှာတော့ဘာမှ စဉ်းစားမိမှာမဟုတ်ပါဘူး။ အမှန်တော့သေချာစဉ်းစားစေချင်ပါတယ်။ငါ့ကိုသူ
   များလိမ်ရင် ငါလက်ခံနိုင်မလား။ ငါအလိမ်ခံရရင်ရော ဘယ်လိုနေမလဲ။ ကိုယ်တိုင်တောင်လိမ်တာမကြိုက်ဘူး၊
   လက်မခံနိုင်ဘူး ဆိုရင်တဖက်သားကိုရောဘာကြောင့်လိမ်နေတာလဲ။ကိုယ်ရဲ့လိမ်ညာမှုကြောင့် တဖက်သား
  မှာနစ်နာမှုမရှိရင်တော့ဘာမှမဖြစ်ပေမဲ့၊တဖက်သားအတွက်တခုခု နစ်နာမယ်ဆိုရင်တော့လိမ်သင့်သလား။
  လိမ်လို့ရမဲ့အရာကရော မြဲနိုင်ပါ့မလား။ကိုယ်လိမ်တာကိုတဖက်သားသိချင်မှသိနိုင်ပေမဲ့ ကိုယ်ရဲ့စိတ်ကတော့
  သိနေမှာပါ။ ကိုယ့်စိတ်ကိုယ်လိမ်တာ တော့အဆိုးဆုံးပါဘဲ။ တစ်ခါလိမ်ပြီးရင် နောက်တစ်ခါဆိုတာ  
 မခက်ခဲတော့ပါဘူး။အကျင့်သီလထဲမှာလိမ်တာလဲပါပါတယ်။လိမ်တဲ့လူဟာအကျင့်ကောင်းတဲ့လူမဟုတ်ပါဘူး။
အကျင့်သီလမကောင်းရင်အဲ့ဒီလူရဲ့
စိတ်ဟာလဲကောင်းတဲ့စိတ်မဖြစ်နိုင်တော့ပါဘူး။စိတ်ထားမှမကောင်းရင်
သူရဲ့လုပ်ရပ်တွေဟာလဲကောင်းနိုင်မယ်မထင်ပါဘူး။လုပ်ရပ်မကောင်းမှတော့ကံလဲကောင်းနိုင်မယ်မထင်ပါဘူး။
ကံမကောင်းမှတော့လူဘ၀မှာနေပျော်မှာမဟုတ်
တော့ပါဘူး။လူတိုင်းကံကောင်းချင်ကြမှာပါ။ ချမ်းချမ်းသာသာလဲနေချင်ကြမှာပါ။ဒါပေမဲ့လုပ်ရပ်တွေကနည်းလမ်းမကျသလိုဖြစ်နေပါတယ်။ စိတ်ကောင်းလဲထားမယ်၊မတရားတာကိုမလုပ်ဘဲ တရားတဲ့နည်းနဲ့လုပ်ကိုင်ကြမယ်၊ ရိုးသားဖြူစင်ကြမယ်
ဆိုရင်မချမ်းသာရင်တောင်စိတ်ချမ်းသာပြီးဘ၀မှာနေပျော်တဲ့လူတယောက်ဖြစ်နေတော့မှာပါ။
အမှန်တော့ဘ၀ဆိုတာနေတတ်ရင်ကျေနပ်စရာတွေပါဘဲ။

In: ဆောင်းပါး Posted By: Date: Jan 5, 2011
Comment #1

ဒီလိုတော့ ပြောလို့မရဘူး မဖြူရေ လောကမှာ မှုသားမပါ လင်္ကာမချောဆိုတဲ့ ဆောင်ပုဒ်ဆိုတာ ရှိသေးတယ်ဗျ.. အရာရာတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတတ်တာမို့လို့…. အကောင်းတွေယူ မကောင်းတွေပယ်ဖို့တော့ လိုတာပေါ့ဗျာ……… ကျွန်တော်တို့ ကိုးကွယ်တဲ့ မြတ်စွာဘုရားတောင်မှ ကောင်းသောအကျိုးကို ရှေ့ရှု့ပြီး လိမ်ခဲ့တာတွေ ရှိတယ်ဗျ… တစ်ချို့ကိစ္စတွေက တစ်လမ်းသွားလို့မရဘူးဗျ။။ အခြေအနေ အချိန်အခါကလည်း ရှိသေးတယ်ဗျ….

ဘာပဲပြောပြောဗျာ အစ်မဆောင်းပါးလေးကို အားပေးသွားတယ်ဗျာ….ဒီလိုလေးတွေ ဆက်ရေးပါ… ကောင်းတယ်ဗျို့

Comment #2

ဟုတ်ပါတယ်။အမပြောထားတယ်လေ။ကိုယ့် ရဲ့ လိမ်ညာမှုဟာသူများ
အတွက်အကျိုးရှိမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ဘယ်သူမှမထိခိုက်ဘူးဆိုရင်တော့ 
ခပ်ပါးပါးလေးလိမ်ကြည့် ပေါ့။ဟုတ်လားလိပ်ပြာလေး။

commentinfo By: phyuphyu at Jan 5, 2011
Comment #3

တခုလောက်ပြောချင်တာလေး ၀င်ပြောအုံးမယ် တခါတလေ ကာယကံ၇ှင်က လိမ်တာမဟုတ်ပဲ အမှန်တရားပျောက်နေတာမျိုး ကြောင့် လိမ်တယ်လို့မြင်ကြတာတွေ ရှိတယ် ကိုယ်တွေ့ ။
အားပေးသွားတယ် မဖြူဖြူ။

commentinfo By: dan at Jan 5, 2011
Comment #4

ဒီစာကိုဖတ်တဲ့လူအားလုံးကိုဇြူကျေးဇူးတင်ပါတယ်။
လူတိုင်းမှာအယူအတော့ ရှိတာပေါ့။အားလုံးလက်ခံဖို့ ဆိုတာတော့ 
မဖြစ်နိုင်ဘူးထင်ပါတယ်။

commentinfo By: phyuphyu at Jan 7, 2011
Comment #5

Super like

commentinfo By: ei lay at Oct 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment