Professional Authors

တွေးမိသမျှ – ၂

လူရယ်လို့ အစပြု ရှင်သန်လာကတည်းက ဆက်ဆံမှူဟာ လူ့ပတ်ဝန်းကျင်မှာသာ အသုံးပြုချိန် များခဲ့ကြတာပါ။ *လူ ၁ဝဝ စိတ် ၁ဝဝ* ဆိုတဲ့အတိုင်းပဲ လူပေါင်းစုံ စိတ်ပေါင်းစုံ ကို မြင်တွေ့နေရတာပါပဲ။ ကျမ သတိထားမိတဲ့ မိမိရဲ့ စိတ်ကိုကလည်း မိမိကြည်သူဆိုလျင် တစ်မျိုး၊ မိမိ မကြည်ဖြူသူဆိုလျင် တစ်မျိုး ဆက်ဆံမိသည်များလည်း ရှိခဲ့တာပေါ့။ မရှိဘူးဆိုတာကတော့ လုံးဝမရှိခဲ့ဖူးပါဘူး၊ အနည်းနဲ့ အများဆိုသလိုတော့ ရှိခဲ့တာ။ အချို့ကျတော့လည်း အပေါ်ယံ ချိုမြိန်မှူ ဟန်ဆောင်မှူ တွေကို တက်မက်ယုံကြည်နေတတ် ကြတယ်။ အချို့ကြတော့လည်း အမှန်တရားကို လိုလားကြတယ်။ ဒါဟာ ကျမရဲ့ ပတ်ဝန်းကျင်မှာ အမြဲတမ်းရှင်သန်နေကြတယ်။ သူတို့(အပေါ်ယံဟန်ဆောင်တတ်သူများ) တွေဟာ ရှေ့မှာဆိုရင်တော့ဖြင့် အကျိုးပဲလိုလားသယောင်၊ သင့်မြတ်မှူပဲ လိုလားသယောင် ပြုမူဆက်ဆံကြပြီး နောက်ကွယ်ဆိုရင်တော့ဖြင့် လူတစ်ယောက်ရဲ့ သိက္ခာတရား၊ ကိုယ်ကျင့်တရားများဟာ သူတို့(ပြောဆိုသူ)ရဲ့ ပါးစပ်ထဲမှာပဲဖြစ်တတ်ကြတယ်။

*အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာ* ဆိုသလိုပါပဲ ကျမတို့ဟာ စည်းကမ်းကျနတဲ့ စကားကောင်းတွေ ထွက်လာဖို့ဆိုတာ *ပါးစပ်ကို အသိတရား* နဲ့ ထိန်းချုပ်ရင် အကွပ်မရှိတဲ့ကြမ်းလို ဖရိုဖရဲ မဖြစ်လာနိုင်ပါဘူး။ အပေါ်ယံ အမြင်မှာသာ စကား ဆိုတာ ပါးစပ်က ထွက်လာတဲ့ အသံပါ။ တကယ်တမ်းကျတော့ ကျမတို့ စားချင်တာ၊ လုပ်ချင်တာ၊ ပြောချင်တာ စသည်ဖြင့်ပေါ့ မိမိဆန္ဒရှိရာ မှန်သမျှက စိတ်ရဲ့အသွင်းသဏ္ဍာန် လှူပ်ဆော်မှူကနေ ဖြစ်တည်လာတဲ့ ဆန္ဒတွေပါ။ ဒါတွေက အသံ တစ်ခုအနေနဲ့ ပါးစပ်ကနေ ပွင့်အံထွက်တာခဲ့တာပါလို့ ကျမကတော့ တွေးမိပါတယ်။ ၃ လက်မ အသွားရှိတဲ့ ဒါးတစ်ချောင်းကြောင့် လူတစ်ယောက် သေချင်မှ သေမှာပါ၊ ဒါပေမယ့် *နှုတ်ကြောင့်သေ လက်ကြောင့်ကြေ* ဆိုသလိုပဲ ကျမတို့ ပြောလိုက်တဲ့ စကား တစ်ခွန်းဟာ လူတစ်ယောက်ကို သေတွင်းကိုလည်း ပို့နိုင်ပါတယ်။

တကယ်တမ်းဆို သူတို့ဟာ မိမိကိုယ်ကို မသိကြတာ *မိမိ စကားဟာ မိမိပါပဲ* ဆိုတာကို သတိထားမိကြပုံ မပေါ်ကြဘူး။ *စကား* ဆိုတာကလည်း မိမိပြောချင်သလို လိုရာကိုဆွဲပြီး ပြောလို့ရတယ်လို့ ယူဆသူတွေကများနေကြတာကိုး။ ကျမဆိုလည်း မုန့် အချို နဲ့ အခါး ဆို ကျမ အချိုကို ပိုကြိုက်ပါတယ်။ ဒီလိုပဲ စကားပြောဆိုကြတဲ့အခါမှာလည်း ကျမတို့ဟာ ချိုသာသော စကားတွေကိုသာ လိုလားကြပါတယ်။ *ချိုသောစကား* နဲ့ *ချိုသာသောစကား* ဟာ မတူဘူးလို့ ကျမ ယူဆထားပါတယ်။ လူတိုင်းလူတိုင်းဟာ ချိုသောစကားများကို ပြောနိုင်ကောင်း ပြောနိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် ချိုသာသောစကားကို လူတိုင်း ပြောတတ်ချင်မှ ပြောတတ်ကြမှာပါ။ 

နောက်ပြီး လူတွေမှာ *ဂျို* မပါကြပါဘူး။ ကျမတို့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေကြတဲ့သူတွေထဲမှာ ဘယ်သူကတော့ စိတ်နေစိတ်ထားကောင်းတယ်၊ ဘယ်သူကတော့ စိတ်နေစိတ်ထား မကောင်းဘူးဆိုတာ ကျမတို့ ခွဲခြားဖို့ ခဲယဉ်းပါတယ်။  ဒီလိုပါပဲ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကောင်းတဲ့သူပဲဖြစ်စေ၊ မကောင်းတဲ့သူပဲဖြစ်စေ ကျမတို့ ပတ်ဝန်းကျင်မှာ ရှင်သန်နေကြပါတယ်။ ကိုယ့်အကျိုးကို မလိုလားသူကလည်း ကျမတို့ကို ဟန်ဆောင်ပြီး ချိုသောစကားတွေနဲ့ သွေးထိုးပေးနိုင်ပါတယ်၊ အထင်လွဲခံရမှူတွေဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။ သိနိုင်စရာကတော့ ကျမတို့ နည်းလမ်း ၁ ခုပဲရှိတာပါ အဲ့ဒါကတော့ စကားများများ ပြောကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို သူ့ရဲ့စကားတွေကပဲ ဖော်ပြပေးသွားတာပဲ ဖြစ်လို့ပါလို့ ကျမကတော့ ယုံကြည်ထားမိလို့ပဲ။ စကားပြောတဲ့အခါမှ အပေါ်ယံသဘောနဲ့သာ နားထောင်မယ်ဆိုရင် အပေါ်ယံသဘောပဲ ရမှာပါပဲ။ ကျမ ဆိုလိုတာ စကားတိုင်းကို အထ၊ အန ကောက်ဖို့၊ တလွဲတွေးဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူပြောခဲ့ဖူးတဲ့၊ သူပြောနေတဲ့ အကြောင်းအရာတွေ၊ စကားအသွားအလာတွေကို သေချာ စဉ်းစားပြီး ဆက်စပ်တွေးခေါ်ပြီးမှ နားထောင်ဖို့ပါ။ ဒါမှသာ စကားအပြောကောင်းသူလား၊ စကားအကောင်းပြောသူလား ဆိုတာကို ခွဲခြားသိမြင်နိုင်မှာပါ။

နောက် တစ်ခုက *စကား* ဆိုတာ *အား* ပါပဲ။ မိမိ စကားက *အား* မဖြစ်လျင်တောင် *အဆိပ်* မဖြစ်ကြပါစေနဲ့။

ကျမတို့ သဘာဝအရ လူတွေမှာ ကောင်းခြင်း၊ မကောင်းခြင်းဆိုတာ ဒွန်တွဲလျက်ရှိကြပါတယ်။ ကျမတို့ အတွင်းသန္တာန်မှ ကိန်းအောင်ဖြစ်ပေါ်နေတဲ့ စိတ်ဟာဆို မကောင်းမှုပြုခြင်းမှာ ပိုပြီးမွေ့လျှော်လေ့ ရှိတယ်လို့ ကျမယုံကြည်ထားတယ်။ နောက်တခုကတော့ ကျမ အင်္ဂလိပ်စာ စကားပြောအတန်းကို တက်ခဲ့စဉ်က ဆရာတော် တစ်ပါးပြောကြားခဲ့ဖူးတဲ့ စကားကို အမြဲ သတိရမိတယ်။ အဲ့ဒါက လူတွေမှာ ချုပ်ထိန်းဖို့ အခက်ခဲဆုံးက *မိမိသန္တာန်မှ ဖြစ်တည်နေတဲ့ စိတ်* ပါပဲတဲ့။ အဲ့ဒီ *စိတ်* နဲ့ပဲ မိမိတို့ သွားချင်တာကို စိတ်ကူးနဲ့သွားနိုင်တယ်၊ မိမိတို့ဖြစ်ချင်တာမှန်သမျှကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ဆရာတော်က ကျမတို့အဖွဲ့ကို မိန့်ခဲ့ဖူးတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်နေပါစေ ကျမတို့ဟာ အသိဥာဏ်ကို ပိုင်ဆိုင်ထားသူ လူသားသတ္တဝါများ ဖြစ်တာကြောင့် ဆင်ခြင်တုံတရား၊ ကိုယ်ခြင်းစာတရား တွေဟာ ကျမတို့အတွင်းသန္တာန်မှာပင် ကျမတို့ မိမိကိုယ်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိန်းအောင်းနေပါတယ်လို့ ကျမကတော့ ယုံကြည်ထားသူ တစ်ယောက်ပါ။ ဒါကြောင့် ကျမတို့ *ရခဲပြီး တိုတောင်းလှတဲ့ အခုပိုင်ဆိုင်ထားတဲ့ ဘဝလေး* တွေမှာ မိမိတို့ရဲ့ အာသီတဖြစ်လာတဲ့ စိတ်ဆန္ဒတွေကို အသိတရားနဲ့ ထိန်းချုပ်သွားမယ်ဆို တစ်ယောက်နဲ့တစ်ယောက်မှာ ထိခိုက်နစ်နာစရာ အဖြစ်အပျက်တွေဟာ ရှိလာတော့မှာ မဟုတ်ပါဘူး။

“ဘ၀မှာ ကိုယ်ရထားတဲ့ အချိန်လေးဟာ အလွန်နည်းပါးလွန်းလှပါတယ်။ ဘ၀ခဏတာလေးကို သူများမကောင်းတာတွေပဲ စဉ်းစားပြီး အချိန်ကုန်သွားမယ်ဆိုရင် အလွန်နှမြောစရာ ကောင်းတာာပေါ့။ အကောင်းဆုံးကတော့ သင့်တင့်အောင် တွေး၊ နည်းနည်းပြောပြီး၊ စွမ်းနိုင်သလောက် ပေးဆပ်သွားတာ လောကအတွက် အသင့်တော်ဆုံးဖြစ်မယ်ထင်ပါတယ်
By ” Tay Ling (အရှင်မြတ်ထံမှ ကူးယူခွင့်တောင်းထားပြီးဖြစ်ပါတယ်။)


(စာဖတ်သူများသို့ တောင်းပန်ချက်။          အမှားအယွင်း တစ်စုံတစ်ရာ ပါရှိပါက ပို့စ်ရေးသားသူ ကျမတွင်သာ တာဝန်အပြည့်ရှိပါသည်။ အရေးအသားညံ့ပါကလည်း ကျေးဇူးပြု၍ ယဉ်ကျေးစွာ ဝေဖန်ပြောဆို ရေးသားနိုင်ပါတယ်။)

အမြဲတမ်း ကြိုးစားသွားပါမည်။
ပန်းအိ
(၁၄-၇-၂ဝ၁၁)

In: ဆောင်းပါး Posted By: Date: Jul 14, 2011
Comment #1

Good ပဲ…။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 17, 2011
Comment #2

လူတွေမှာ *ဂျို* မပါကြပါဘူး။ ကျမတို့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေကြတဲ့သူတွေထဲမှာ ဘယ်သူကတော့ စိတ်နေစိတ်ထားကောင်းတယ်၊ ဘယ်သူကတော့ စိတ်နေစိတ်ထား မကောင်းဘူးဆိုတာ ကျမတို့ ခွဲခြားဖို့ ခဲယဉ်းပါတယ်။ ဒီလိုပါပဲ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အပေါ်ကောင်းတဲ့သူပဲဖြစ်စေ၊ မကောင်းတဲ့သူပဲဖြစ်စေ ကျမတို့ ပတ်ဝန်းကျင်မှာ ရှင်သန်နေကြပါတယ်။ ကိုယ့်အကျိုးကို မလိုလားသူကလည်း ကျမတို့ကို ဟန်ဆောင်ပြီး ချိုသောစကားတွေနဲ့ သွေးထိုးပေးနိုင်ပါတယ်၊ အထင်လွဲခံရမှူတွေဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။

commentinfo By: စောရယ် at Jul 17, 2011
Comment #3

ကျေးဇူးပါ၇ှင့်။ Both ဆည်းဆာ(ရဲသူ) & စောရယ် ……… 🙂

commentinfo By: pannei at Jul 18, 2011
Comment #4

နောက် တစ်ခုက *စကား* ဆိုတာ *အား* ပါပဲ။ မိမိ စကားက *အား* မဖြစ်လျင်တောင် *အဆိပ်* မဖြစ်ကြပါစေနဲ့။
(ပန်းအ်ပြောတာမှန်တယ်……….စကားတခွန်းကြောင့်ဒုက္ခရောက်သူတွေဒီနေ့ဒုနဲဒေးပဲ…..
ဘာပဲဖြစ်ဖြစ် ကိုယ်ပြောတဲ့စကားကိုကိုယ်တာဝန်ယူနိုင်သူဖြစ်ရင်တော့အကောင်းဆုံးပဲပေါ့)
ဆက်ပီးရေးပါ……..အမြဲအားပေးနေမယ်……..

commentinfo By: May Kha at Jul 20, 2011
Comment #5

ဟုတ်ကဲ့…ကျေးဇူးပါ။ May Kha 🙂

commentinfo By: pannei at Jul 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment