Professional Authors

ကဗျာရေးသူများသို့

အနုပညာ သမားတွေဟာ တစ်ကိုယ်ကောင်းဆန်တတ်ကြတယ်လို့ လူအများစုက မှတ်ချက်ပေးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ စိတ်စေရာကို သူတို့ လုပ်ကိုင်နေကြလို့ပေါ့။ အနုပညာပိုး ၀င်လာပြီဆိုရင် လူတစ်ယောက်ဟာ အသေးအမွှား ကိစ္စလေးကအစ သတိထားမိတယ်၊ အရာရာအပေါ် ခံစား နားလည်နိုင်တယ်။ ပါးစပ်ကနေသာ ဖွင့်မပြောချင်တာသာ ရှိမယ်။ လူတစ်ယောက်ရဲ့ ခံစားချက်ကို အတိုင်းအတာတစ်ခု အထိတော့ သိနေတတ်တယ်။ ဒီလို လူအများနဲ့ အံဝင်ခွင်ကျဖြစ်နေမှလည်း ကဗျာတွေ စာတွေ ရေးရတာ အဆင်ချောပေ မပေါ့။

လူတစ်ယောက်ဟာ ကိစ္စတွေ အများကြီးကို မစွမ်းဆောင်နိုင်ပါဘူး။ ဒါကြောင့် အနုပညာသမားတစ်ယောက်ဟာလည်း ခံစားချက်ကို ရင်းပြီး စိတ်နဲ့ လုပ်ရတဲ့ အလုပ်ကို လုပ်ကိုင်နေတာဖြစ်လို့ လူ့ပတ်ဝန်းကျင်မှာ လူအများနဲ့မတူ တစ်မူထူးခြားနေတတ်တာ မဆန်းပါဘူး။

ကျွန်တော်က ကဗျာကို မြတ်နိုးပြီး၊ စာတွေကို လေးစားတယ်။ ကဗျာကို ပိုပြီး ရေးတတ်ချင်ပါတယ်။ ကဗျာဆိုတာက စာကြောင်းရေ အနည်းဆုံးနဲ့ ဖွဲ့သီပြီး လူတွေကို ချပြတာပါ။ သူရဲ့ စာလုံးတစ်လုံးကပဲ တစ်ခါတစ်လေမှာ အဓိပါယ်တွေ ပြည့်ဝနေတတ်ပါတယ်။

ဝတ္ထုတွေ ဘာတွေကတော့ စာကြောင်းရေတွေ များများ ရေးလို့ရတဲ့အတွက် လိုချင်ရာကို ဆွဲငင်ယူသွားလို့ ရတယ်။ ကဗျာကတော့ အဲလို မဟုတ်ဘူး စာလုံးကလေးတွေကလည်း အဓိပါယ်ပြည့်ဝနေရမယ် ကာရံလဲညီရမယ်။ ဒါကြောင့် ကဗျာက မြတ်နိုးစရာ ကောင်းတာပါ။

နေရာလေးတွေ သိပ်မယူဘဲ လူတွေကို ပြုံးစေနိုင်တယ်၊ မဲ့စေနိုင်တယ်။ ခရေပွင့်လေးတွေနဲ့ တူတယ်လို့ ခံစားရတယ်။ ခရေပွင့်လေးတွေက မြေပေါ်မှာ ခလို့ တန်ဖိုး ရှိချင်မှ ရှိမယ်။ ဒါပေမယ့် ကောက်ယူ နမ်းရှိုက်ကြည့်ရင်တော့ အေးမြပြီး အမောပြေတဲ့ အနံ့လေးကို ပေးစွမ်းနိုင်ပါတယ်။

အရင်က ကဗျာကို မြတ်နိုးရကောင်းမှန်း မသိဘူး။ စာတွေပဲ အသေလှိမ့်ဖတ်ခဲ့တယ် ကဗျာဆို ဘာတွေလည်း မသိဘူးဆိုပြီး ချောင်ထိုး ခဲ့တယ်။ စိတ်မ၀င်စားဘူးဆို ဘာကိုမှ သိအောင် ကြိုးစားချင်စိတ်မရှိတဲ့ လူ့စိတ်ဆိုတော့လည်း အခက်သားဗျာ။

ဒါပေမယ့် ကျွန်တော့်ရင်ကို ကျွမ်းလောင်စေတဲ့ ခံစားချက်တစ်ချို့ ရင်ခွင်ထဲ ခေါင်းတိုးဝှေ့လာတော့လည်း၊ ကဗျာတွေကို စိတ်ဖြေရာ အဖြစ် စတင် သုံးစွဲလာမိတယ်။ ခုတော့ဗျာ ကျွန်တော် ကဗျာကို စွဲသွားပါပြီ။ ခံစားချက်တချို့ကလည်း ကဗျာနဲ့ တွေ့လို့ သစ်ရွက်လို ညှိုးရာက ကြွေသွားပါပြီ။ အေးချမ်းပါတယ်။ ကဗျာရေးသူတွေကိုလည်း ကျွန်တော် လိပ်ပြာ ဒီကနေ ဦးညွှတ်အလေးပြုပါတယ်ဗျာ။ ဘာလို့လဲ စကားလုံးလှလှလေးတွေကို ဦးနှောက်စားအောင် စဉ်းစားပြီး ရေးထားရတဲ့ ကဗျာတွေကို ဖတ်ရတာနဲ့တင် တန်နေပါပြီဗျာ။

(error တက်ပြီး သူ့အလိုလို submit ဖြစ်သွားတော့ ရေးရတာ feel မလာတော့ဘူးဗျာ)

တကယ်လို့ submit ဖြစ်ပြီးမှ ပြန်ပြီး ဖျက်လို့ရတဲ့ နည်းလေးဘာလေးများ ရှိရင် ကျွန်တော့်ကို မျှဝေပေးကြပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်

(9-12-2010)

လိပ်ပြာ

 

Comment #1

သြော်….လိပ်ပြာလေးရယ်…မင့်မလဲလုပ်လိုက်ရင်အမြဲခနော်နီခနော်နဲ့ ကွာ….ငါတို့ ကဘာကိုဆက်ဖတ်ရမလဲဟ
…….
🙂

commentinfo By: moehtetaung18 at Dec 9, 2010
Comment #2

ဆော်ရီးပါ ကိုမိုးထက်ရာ . . . sumit ဖြစ်ပြီးမှ ပြန်ပြီး ဖျက်လို့ရတဲ့ နည်းလေးဘာလေးများ သိရင်
ပြောပြပါလားဗျာ
🙁

Comment #3

ငါလဲသိဘူးဟ……

commentinfo By: moehtetaung18 at Dec 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment