Professional Authors

ကဗျာထဲက ငါ့အကြောင်း

ကဗျာကို ဖက်တွယ်ခဲ့တာ

အသက်ငယ်ငယ်လေးထဲက…..

 

ခံစားချက်ကို အလေးပေးတော့

ဦးနှောက်ကလည်း မနိုင်

ငါ့နှလုံးအိမ်မှာ

ဒဏ်ရာလှိုင်တာလည်း

ယနေ့ထက်တိုင်ဘဲ….

 

သံယောဇဉ် ချင်ခြင်းတက်

ရင်တွင်းကအဖြစ်အပျက်ကို

ဖွင့်ဟခဲ့တာလည်း

ဒီကဗျာထဲမှာဘဲ…..

 

ငါ့ချစ်ခြင်းနဲ့အားပြိုင်

မေတ္တာနဲ့ နိုင်အောင်တိုက်တဲ့

ဒီအချစ်စစ်ပွဲ

ရှုံးနိမ့်ခြင်းကြုံလည်း

ကဗျာတွေကို

ငါလေ

ဖက်တွယ်ဆဲ…..

 

အဆုံးတစ်နေ့မှာ

လုံးဝမေ့စရာအကြောင်းတွေ

ရှိခဲ့ရင်တောင်မှ

ငါဆိုတဲ့ ကောင်အကြောင်း

ကဗျာတွေက

ကောင်း

ကောင်း

ပြော

လိမ့်

မယ်

….

..

.

In: ကဗျာ Posted By: Date: Jan 13, 2014
Comment #1

@-@

commentinfo By: ei lay at Jan 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment