Professional Authors

ကဗျာသူခိုးများသို့

အဆိုတော်တွေ သူတို့ သီချင်းတွေ ခိုးကူးခံရရင်
ခင်ဗျားတို့ခွေခိုးကူးလို့ ခင်ဗျားတို့ အသံလည်း ပျက်မသွားဘူး
ခင်ဗျားတို့ သံစဉ်ကို သူတို့ သံစဉ်ပြောင်းထည့် မခံရဘူး
ခင်ဗျားတို့ အသံကို တခြားအသံ ပြောင်းမထည့်ခံရဘူး
ဒီမှာ ခိုးကူးခံကဗျာတွေရဲ့ ကဗျာပိုင်ရှင်တွေ
ငါတို့ အသည်းနှလုံးတွေ ခိုးခံရတယ်
ငါတို့ ရင်သွေးတွေ ခိုးခံရတယ်
ငါတို့ ငိုသံတွေ ခိုးခံရတယ်
ငါတို့ ကြည်နူးခြင်းတွေ ခိုးခံရတယ်
ငါတို့ ရင်ခုန်သံတွေ ခိုးခံရတယ်
ငါတို့ မျှော်လင့်ချက်တွေ ခိုးခံရတယ်
ငါတို့ ဖြစ်တည်မှုတွေ ခိုးခံရတယ်
ငါတို့ … …………… …. အကုန် အခိုးခံရတယ်
ငါတို့ …. ………….. …. အကုန် ဖျက်ဆီးခံရတယ်
ငါတို့ …….. ………… … အကုန် သိမ်းပိုက်ခံရတယ်
ငါတို့ ….. …….. ……. .ကဗျာရေးတဲ့လက်တွေ ဖြတ်ခံရတယ်
ကဗျာထဲမှာ မြှပ်နှံထားတဲ့ ငါတို့ အသက်တွေ … …. …. မရှိတော့ဘူး

သောက်ဆင့်မဲ့ ကဗျာခိုးသူအပေါင်း ခွေးသူတောင်းစားတို့
မင်းတို့ အသည်းနှလုံးတွေ ချိုးခံရမယ်
မင်းတို့ ရင်သွေးတွေ ချိုးခံရမယ်
မင်းတို့ ငိုသံတွေ ချိုးခံရမယ်
မင်းတို့ ကြည်နူးခြင်းတွေ ချိုးခံရမယ်
မင်းတို့ ရင်ခုန်သံတွေ ချိုးခံရမယ်
မင်းတို့ မျှော်လင့်ချက်တွေ ချိုးခံရမယ်
မင်းတို့ ဖြစ်တည်မှုတွေ ချိုးခံရမယ်
သတ္တိမဲ့ မဟုတ်တဲ့ ကဗျာသမားတွေ သစ္စာဆိုတယ်
လိမ်စာ မဟုတ်တဲ့ ဒီ ကျိန်စာ စူးစေရမယ်
မင်းတို့ သမိုင်းမှာ အရှက်ရိုင်းတွေသာ သွေးသံရဲရဲဖြစ်ရမယ်
မင်းတို့ ကိုယ်ကျင့်တရားဟာ သိမ်ငယ်မှုနဲ့ ခြေသုတ်ပုဆိုးဖြစ်ရမယ်
မင်းတို့ သိက္ခာဟာ တံတွေးခွက်ထဲ သေတဲ့အထိ မျောရမယ်
မင်းတို့ လက်တွေဟာ ကဗျာဆိုတာကို သံသရာထိ စာလုံးမပေါင်းတတ်စေရဘူး

ချီရွန် ( ပုလဲ )
အခုတလော ကဗျာခိုးတဲ့သူတွေ သိပ်များနေတယ်။ ကျွန်တော့် ကဗျာလည်း အခိုးခံရတယ်။ ကေသရီ ၊ ဟိန်း၊ ဆိုးသွမ်း ၊ တယ်ရီ ၊ အသဲကွဲမိုး ကဗျာတွေလည်း အခိုးခံရတယ်။ ဒါကြောင့် ဒီကဗျာကို ကျွန်တော် ရေးဖြစ်ပါတယ်။

In: ကဗျာ Posted By: Date: Mar 17, 2013
Comment #1

r lar lar.
a yann sate soe nay dar be.
hote dot hote de.
khoe de thu tway ka le ma shat kya bu larr ma ti bu naw.
kou chinn sar tint tar pop.

really feel sorry

commentinfo By: ei lay at Mar 17, 2013
Comment #2

အင်း ဒေါသဖြစ်နေတုန်း သွေးပူနေတုန်း ရေးထားတာဆိုတော့ အတော်တော့ ကြမ်းသွားတယ်။ တကယ်တော့ အဲလိုကြီး ကျိန်စာ သဘောကြီး ပြောချင်တာတော့ မဟုတ်ဘူး။ ခက်တာက စိတ်တိုနေတုန်း ရေးလိုက်ပြီးမှ ပြန်ပြင်ဖို့ကျတော့လည်း ကိုယ့်ခံစားချက်နဲ့ကိုယ် ပြောချင်တာ ပြောထားတဲ့အတွက် အမှတ်တရအနေနဲ့ပဲ ထားလိုက်တာပါ ညီမလေး။ သည်းခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူး။

commentinfo By: ChIr0N at Mar 17, 2013
Comment #3

ဖတ်ပြီးခံစားသွားပါတယ်ဗျာ တကယ်စိတ်တိုစရာပါပဲ

commentinfo By: နိုးဆက် နေ့ at Mar 17, 2013
Comment #4

နိုးဆက်နေ့ ….. စိတ်တိုရုံတင် ဘယ်ကမလဲ ညီလေးရယ်။ သူတို့ကလည်း ကူးသေး ကိုယ်ရေးထားတဲ့ ကဗျာကို အမြီးဖြတ် ခေါင်းဖြတ် လုပ်ထားတာကို ကူးရင်လည်း သေချာလေးတော့ ကူးပါလားဗျာလို့ ပြောတော့ တချို့နေရာတွေ မကြိုက်လို့ ပြင်ထားတာဆိုပဲ ဟက်ဟက်။ ပြီးတော့ ဒီကဗျာကို ခင်ဗျားရေးတာပါလို့ ဘယ်လို သက်သေပြမလဲတဲ့။ ဘဝကြီးက ဆိုးသကွယ်။ ကိုယ့် ကဗျာကိုယ် ပြန်လုနေရတဲ့ အဖြစ်။ ကိုယ်တင်ထားတဲ့ ရက်စွဲထက် သူတင်ထားတာက ၂ နှစ်နောက်ကျနေတာတောင် ရက်စွဲ ပြောင်းချင်ပြောင်းလို့ရတယ်လေတဲ့။ မှားပါတယ် မှားပါတယ်။ ရေးမိတာကိုက အမှားပါ သူတို့ မကြိုက်တာလေးတွေပါ ထည့်ရေးမိတာ ပိုမှားသွား။

commentinfo By: ChIr0N at Mar 17, 2013
Comment #5

thu myar pyit se khoe de thu tway
pyan wit le hmar

ko chiron sate sinn ye ma nay ne dot naw
phyu nay de sate lae a yaung tway ne nyit pat twar laint me

commentinfo By: ei lay at Mar 17, 2013
Comment #6

ကို ချီရွန် ခင်ဗျားးးးး
ကျွန်တော် ဒီက တစ်ချိုသောကဗျာတွေကို ယူပြီးးးး တခြားးနေရာတွေမှာ ပြန်Share လေ့၇ှိပါတယ်။ ဒါပေမယ့် ကျွန်တော် ကဗျာရေးးးးသူ နာမည် တပ်ပြီးးး Share တာပါ..၊ အဲ့ဒါကရော ခိုးးးးတယ်လို့ ပြောလို့ရပါသလားးးးးခင်ဗျာာာာာာ။
Poemscorner ကိုချစ်တဲ့ အရိပ်

commentinfo By: zawthetoo at Mar 17, 2013
Comment #7

… If someone really love poems and write poems, he understand ur feeling. And feel sorry to cheat other’s poems. In my mind they r just kids for us and they never know the feeling in creating poems. So don’t spend ur precious time abt thinking them… Buddy …

commentinfo By: oo.CoBrA at Mar 17, 2013
Comment #8

ကိုဇော်သက်ဦး ခင်ဗျာ ကျွန်တော် ပြောချင်တာက ခရက်ဒစ်မပေးဘဲ ယူတာကိုသာ ခိုးယူခြင်းလို့ သုံးပါတယ်။ ကျွန်တော့် ကဗျာကိုပဲ ဖြစ်ဖြစ် တခြား ဘယ်ကဗျာကိုပဲ ဖြစ်ဖြစ် ကူးယူမယ် ကိုယ့်ဆီမှာ တင်မယ်ဆိုရင် ရေးသူရဲ့ နာမည်လေး တပ်ပေးရပါ့မယ်။ ဒါဟာ လေးစားသမှုပါ။ ရေးတဲ့သူကို ပုဂ္ဂိုလ်ရေးအရ မလေးစားရင်တောင် သူ့ရဲ့ အားထုတ်မှုနဲ့ ဖန်တီးမှုကိုတော့ လေးစားပေးရပါမယ်။ အခု ကျွန်တော် ရေးတဲ့ သူခိုးဆိုတဲ့ စကားလုံးဟာ သူများကဗျာကိုပဲ ကိုယ်ရေးထားသလိုလို ဘာလိုလို အောက်က နာမည် မတပ်တာ ဖြတ် ညှပ် ကပ် လုပ်ပြီးတော့ ပြုပြင်ဖန်တီး သူ့ နာမည်တပ်တာ အဲလိုလူတွေကိုပဲ ဆိုလိုပါတယ်ခင်ဗျာ။ တခြား ရှဲတာကတော့ ကိုယ့်ကို ကြော်ငြာပြီးသား ကိုယ့်ကဗျာလေးကို တခုတ်တရ ပြန်လည်မျှဝေပေးတဲ့အတွက် ကျေးဇူးတောင် တင်ပါသေးတယ် ခင်ဗျာ။ အဲလိုလူတွေကို မပြောကြောင်းပါ။

commentinfo By: ChIr0N at Mar 18, 2013
Comment #9

ဟုတ်ကဲ့ ကိုချီရွန် ။ အခုလို ပြောပြပေးတာကို ကျေးးးဇူးးးအထူးးးတင်ပါကြောင်းးးးး။

commentinfo By: အရိပ် at Mar 18, 2013
Comment #10

ရပါတယ် ကိုဇော်သက်ဦး။ ကျွန်တော်လည်း ကိုယ့်ကဗျာလည်း အခိုးခံရသေး အဆဲလည်း ခံရဆိုတော့ ဒေါသထွက်ပြီး ရေးထားတာပါ။ အသုံးအနှုန်းတော့ တော်တော် ကြမ်းသွားပါတယ်။ ဒါပေမဲ့ ဒီလောက်ပြောတာတော့ ကျွန်တော့်စိတ်ထဲက မလွန်ဘူးလို့ ခံယူထားပါတယ်။

commentinfo By: ChIr0N at Mar 18, 2013
Comment #11

ကိုချီရွှန် လို ကျနော့် ကဗျာကို ဖြတ်ညှတ်စပ် လုပ်ပြီး ရင်ဘတ်လည်းဆောင့်ကန်ခံရဖူးတယ် အဲ့ခံစားမှုကို သိတယ်ဗျာ အနှစ်နှစ်အလလ ကျနော်တို့ ၀ါသနာအရ ရေးရင်း လက်တွေကို ကျနော်တို့ တုံးနေရာတာကနေ ထက် အောင် သွေးခဲ့ကြတာ သူခိုးတွေ တကယ် ကြောက်စရာကောင်းတယ်ဗျာ

commentinfo By: sone.pyuu at Mar 18, 2013
Comment #12

သူတို့ကတော့ မရှက်ဘူး ညီလေးရေ။ အခုလည်း ဖဘမှာ မောင်ဟိန်း ကဗျာကို လုပ်သွားပုံက ရိုက်သတ်ဖို့တောင် ကောင်းသေးတယ်။ ပြောရရင်လည်း ဒေါသထွက်လာတာပဲ ပိုမယ်။ ဘယ်လိုလိုက်ပြီး ကာကွယ်လို့မှလည်း မရဘူး။ ခိုးတာကတော့ ခိုးကြမှာပဲ။ မိရင်တော့သာ အသေဆော်ကြရုံပဲ။

commentinfo By: ChIr0N at Mar 18, 2013
Comment #13

အဲ့ဒီ ခံစားချက်က တော်တော် ဆိုးတယ်ဆိုတာ လွမ်းလည်း ၀န်ခံပါတယ် ။ ဘာလို့ ဆို ကိုယ့်ခံစားချက်တွေ နဲ့ ရေးထား တာကို အွန်လိုင်းကို ပြန်တင်ပေးတယ်ဆိုတာ ကဗျာချစ်သူတွေ ခံစားပေးနိုင်အောင် ဝေဖန်ပေးနိုင်အောင် ဝေမျှလိုက်တာပါ ။ ဒါကို နားလည်မှု ရှိတဲ့သူတွေ ရှိသလို နားမလည်သူတွေလည်း ရှိပါတယ် ။ ကိုယ့်ကဗျာ အခိုးခံရလို့ ခံစားရတယ်ဆိုတာ ကိုယ်ပဲ သိတယ် ။ လွမ်းကဗျာတွေလည်း ယူပီးရင် ပုံတွေ နဲ့ ရေးတာကို တွေ့ပါတယ် ။ တချို့ဘလော့တွေမှာလည်း ရှိပါတယ် ။
ကဗျာကိုယူ ရုံတင်မက၀ူး နာမည်ပါသူ့နာမည် ပြောင်းထားတာ ရှိပါတယ် ။ မြင်လိုက်ရတော့ ရင်ထဲမှာ ခံစားရတယ် ။ ဒါမဲ့ ဘာမှ သွားမပြောဖြစ်ခဲ့ဘူး ။ လူတွေ က ခက်တယ် ။ ဘာမှ ကို ပြောချင်စိတ် မရှိလို့ကို
မပြောတော့ပါဘူး ။ ဒါမဲ့ လည်း ပြသနာက ဘာလဲ ဆိုတော့ နောက်ဆုံးကိုယ်ကပဲ ကူးယူထားသလို ပြန်ဖြစ်ခဲ့ရတာ က တော့ အဆိုးရွားဆုံးပါပဲ ။ ကိုယ်ရေးထားတဲ့ကဗျာကို မသိတဲ့ သူက ဘာလို့ ဒါ copy ကြီးလို့ အပြောခံရတဲ့နေ့က မဆိုးရွားဆုံး စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။

commentinfo By: lwanhlainge at Mar 19, 2013
Comment #14

လွမ်းလှိုင်းဆိုတာ မိသားစုက လွမ်းလှိုင်းလား မသိဘူး။ အဲဒါဆိုရင်တော့ ကျွန်တော် ကောင်းကောင်း သိတဲ့ သူတစ်ယောက်ပါပဲ။ လူချင်းတောင် တွေ့ဖူးပါတယ်။ ကျွန်တော့်ကို မမှတ်မိတာ ဖြစ်ပါလိမ့်မယ်။ ဒီခံစားချက်တွေကို ကိုယ့်ကဗျာ အခိုးခံရဖူးတဲ့သူတိုင်း နင့်နေအောင် ခံစားရဖူးပါတယ်။ လာဖတ်ပေးတဲ့အတွက်ရယ် ကွန်မန့်အတွက်ရယ် ကျေး။ဇူးပါ

commentinfo By: ChIr0N at Mar 20, 2013
Comment #15

ကိုချီရွန်ကို လွမ်းမှတ်မိပါတယ် ။ သိလည်း သိပါတယ် ။ မိသားစုက လွမ်းလှိုင်း ပါပဲ ။ လွမ်းအလုပ်လေးတွေ ရှုပ်နေတာ ကြောင့် မိသားစုကိုလည်း မရောက်ဖြစ်တာ ပါ ။

commentinfo By: lwanhlainge at Mar 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment