Professional Authors

အသက်ဝင်နေတဲ့ ကျောက်ရုပ်

မလှုပ်ရဲသေးဘူး
လှုပ်လိုက်တာနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားမှာ
သတိထားနေရတယ်။
လူသေးသေးလေးတွေက
အေးအေးလူလူ ငါ့အရိပ်နယ်နိမိတ်အတွင်း
ပျော်ပွဲစားကျင်းပနေကြ
တစ်ခါတစ်ခါ
ငါ့ခြေထောက်ကြီးတွေကို ဖက်ပြီး
ဓာတ်ပုံရိုက်နေကျ
ဆိုတော့
ငါ့မှာ ငါ့ဒုက္ခကို မြိုသိပ်ထားရတယ်
လက်ဖ၀ါးအက်ကြောင်းကနေ
ဖောက်ဝင်နေတဲ့ ပုရွက်ဆိတ်တွေကို ခါချပစ်ချင်တာ
နားရွက်မှာငြိနေတဲ့ စွန်ကြိုးကို ဆွဲဖြတ်ပစ်ချင်တာ
ဟိုးက တောင်ကုန်းတွေပေါ်
အားကုန် ပြေးလွှားချင်နေတာ
ငါ့မှာ ငါ့ဆန္ဒတွေကို မြိုသိပ်ထားရတယ်
လူသေးသေးလေးတွေက ပျော်ပွဲစားကျင်းပနေကြတော့
ငါ……..
မလှုပ်ရဲသေးဘူး။

In: ကဗျာ Posted By: Date: Apr 5, 2011
Comment #1

ဖတ်သွားပါတယ်..မလှုပ်လိုက်နဲ့

commentinfo By: အသဲကွဲမိုး at Apr 5, 2011
Comment #2

ဘာတွေဖြစ်သွားတာလဲ

commentinfo By: အနီရောင်နှင်း at Apr 5, 2011
Comment #3

yae le a tet win de kwar

commentinfo By: ei lay at Jun 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment