Professional Authors

ချင်းတွင်းမြစ်နဲ့ သက်ဆိုင်ခဲ့ကြသူများ

အချစ်ရေ….

ဒီတစ်ညတော့ငါတို့ကို

လွမ်းခွင့်ပြုပါ….

 

ငါတို့ ကျောင်းသားဘဝ

ရူးသွပ်စွာအချစ်ကိုးကွယ်ခဲ့ကြ

ဒါတွေ ပြန်တွေးတော့

လွမ်းဆွတ်အမှတ်ရစရာတွေ

ဖြစ်ကျန်ခဲ့ပါပြီ။   ။

 

လှည်းတန်းကမိုးရေစက်တွေနဲ့

ငါတို့ ချင်းတွင်းမြစ်ကြီးအကြောင်း

ပြောဖြစ်ခဲ့ကြတာလည်း

ရူးသွပ်မှုတစ်ခုပါပဲလေ။   ။

 

သွေးစက်တွေပေကျံနေတဲ့

စာရွက်တစ်ခုအကြောင်း

ချင်းတွင်းမြစ်ကြီးကောင်းကောင်းသိမယ်ထင်တယ်။                   ။

 

ချစ်ခြင်းဖွဲ့အလင်္ကာတွေလည်း

ချင်းတွင်းမြစ်ကြီးဖတ်ခဲ့ဖူးလောက်ပေါ့။    ။

 

ငါတို့ရဲ့ရင်ဖွင့်သံတွေကြောင့်လည်း

ချင်းတွင်းမြစ်ကြီးနားငြီးခဲ့ရပြီ။     ။

 

အဝေးတစ်နေရာမှာ

ဘ၀တစ်ခုကိုတည်ဆောက်

ငါတို့ ချစ်ခြင်းတွေလည်း

ချင်းတွင်းမြစ်မှာစီးမျောပျောက်ကွယ်လောက်ပြီပေါ့။                  ။

 

ဒါပေမယ့်လေ…..

ငါတို့ရဲ့ရူးသွပ်ချစ်ခြင်းတွေ

ချင်းတွင်းမြစ်ကကောင်းကောင်းသိခဲ့တယ်။        ။

In: ကဗျာ Posted By: Date: Oct 1, 2013
Comment #1

လှည်းတန်း ချင်းတွင်း .. အင်း
ရသတစ်မျိုးပဲ

commentinfo By: မေပျို at Oct 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment