Professional Authors

ပြီးပြည့်စုံတဲ့ မိန်းမ

နာစယူဒင်ဆိုတဲ့ မူလာတယောက်ဟာ သူ့မိတ်ဆွေနဲ့ စကားပြောနေခိုက် အဲ့ဒီမိတ်ဆွေက မေးတယ်။

ခင်ဗျားအိမ်ထောင်ပြုဖို့ တခါမှ မစဉ်းစားခဲ့ဘူးလား

ဟာ စဉ်းစားတာပေါ့ ….နယူစဒင်က ပြန်ပြောတယ်

ကျုပ်ငယ်ငယ်တုန်းက ကျုပ်ဟာ ပြီးပြည့်စုံတဲ့ မိန်းမတယောက်နဲ့ ဆုံစည်းနိုင်ဖို့ မျှော်လင့်ခဲ့ဖူးတယ် ။ ကျုပ် သဲကန္တာရကို ဖြတ်ပြီး ဒမတ်စကတ်ကို ရောက်တော့ ချစ်စရာကောင်းတဲ့ မိန်းကလေးတယောက်ကို တွေ့တယ်။ သူက အင်မတန်စိတ်ထား ပြည့်ဝပါတယ်။ ဒါပေမဲ့ ကမ္ဘာလောကအကြောင်းကို ဘာမသိဘူး။ ဒါနဲ့ အစ်ဖာဆန်ကို ဆက်ခရီးထွက်ခဲ့တယ်။ အဲဒီမှာ မိန်းမတယောက်ကို တွေ့တယ်။ သူက စိတ်ထားပြည့်ဝတယ်။ ကမ္ဘာလောကအကြောင်းကိုလည်း ကောင်းကောင်းသိတယ်။ ဒါပေမဲ့ မလှဘူး။ ဒါနဲ့ ကျုပ်လဲ ကိုင်ရိုကို ခရီးဆက်ထွက်ခဲ့တယ်။ အဲဒီမှာ မိန်းမလှလေးတယောက်အိမ်မှာ ညစာစားရတယ်။ သူက ဘာသာတရားလဲ ရိုသေကိုင်းရှိုင်းတယ်။ ကမ္ဘာလောကအကြောင်းကိုလည်း သိနားလည်တယ်

ဘာကြောင့် ခင်ဗျားက သူ့ကို လက်ထပ်မယူခဲ့တာလဲ

သူငယ်ချင်း၊ သူကလည်း ပြီးပြည့်စုံတဲ့ ယောကျာ်းတယောက်ကို ရှာနေတယ်လေ

In: ဆောင်းပါး,သစ္စာနီ Posted By: Date: Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment