Professional Authors

သီတဂူ လမင်းသို့ မေတ္တာလွှာ

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0cm 5.4pt 0cm 5.4pt;
mso-para-margin-top:0cm;
mso-para-margin-right:0cm;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0cm;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;
mso-ansi-language:EN-US;
mso-fareast-language:EN-US;}

သီတဂူ လမင်းသို့ မေတ္တာလွှာ

ဘုန်းဘုန်း ဘုရား

နေကောင်းပါလားဘုရား၊ တပည့်တော်တို့ မြန်မာလူမျိုးတွေရဲ့ မြန်မာ့ရာသီ ပွဲတော်တွေထဲက ထင်ရှားထူးခြားလှတဲ့ ပွဲတော်လေးတစ်ခုကို အကြောင်းပြုပြီး ကျင်းပတဲ့  အခန်းအနားလေး တစ်ခုအကြောင်းကို ရေးပြချင်ပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ ကိုးကွယ်ဆည်းကပ် အားထားရာ ဘုရားရှင်ကိုတော်မြတ်ကို မွေးဖွားရာနေ့၊ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ မာန်ငါးပါးကို အောင်မြင်တော်မူသောနေ့၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်သောနေ့ဆိုတဲ့ ထူးခြားလှတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့လေးမှာ  သီတဂူဓမ္မဗိမာန်တော် (ရန်ကုနု)မှာ ဗုဒ္ဓနေ့ အခန်းအနားလေးနဲ့ ညောင်ရေသွန်လောင်းပွဲလေးကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပုံလေးကို တင်ပြ ပေးချင်တာပါဘုရား။

အခန်းအနားလေးကို အပိုင်း(၂)ပိုင်းခွဲကာ ကျင်းပခဲ့ပါတယ်ဘုရား၊ပထမပိုင်း အစီအစဉ်လေးကို ကျောင်းအပေါ်ထပ် ဘုရားခန်းမှာ ကျင်းပပြုလုပ်ပါတယ်၊ ရှေးဦးစွာ နမောတဿ (၃)ကြိမ်ရွတ်ဆိုပူဇော်ကြကာ  အခန်းအနုား အစီအစဉ်များကို အပိုင်း(၂)ပိုင်းခွဲ ပြီးကျင်းပကြပါတယ်၊ အပိုင်း(၁)မှာ အစီအစဉ်(၇) ခုနဲ့ ကျင်းပခဲ့ပါတယ်၊ ဒေါက်တာ အရှင်အဂ္ဂဓမ္မ ထံမှ ရှစ်ပါးသီလဆောက် တည်ကြပါတယ်ဘုရား၊ နောက် ရုံးအဖွဲ့မှုး ဦးကျော်ရှိန်မှ ဒီ အခန်းအနားလေး ကျင်းပရခြင်း ရည်ရွယ်ချက်ကို တင်ပြလျှောက်ထားပါတယ်။ ဒီအခန်းအနား ကို သီတဂူဆရာတော်ဘုရားက ရန်ကုန်မှာ ကျင်းပစေချင်ကြောင်း  ဒေါက်တာ အရှင်သုန္ဒရနှင့် ဒေါက်တာ အရှင်ပညာသီဟာလင်္ကာရ  တို့ကို မိန့်မှာသွားခဲ့တာကိုလဲ လျှောက်ထား ပြောကြားသွားပါတယ်ဘုရား။                                                                                                                

ယနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သီတဂူ ဆရာတော်ဘုရားကလည်း အမေရိကန်နိုင်ငံ၊                       ကုလသမဂ္ဂအဖွဲ့ချုပ်( U.N ) ခန်းမ အတွင်းမှာ မြတ်ဗုဒ္ဓအကြောင်းကို ကမ္ဘာက သိအောင် ဟောပြော၍ သာသနာပြု လျှက်ရှိပါတယ်။ သီတဂူမှ ရဟန်းတွေကလဲ အိန္ဒိယနိုင်ငံ၊  ထိုင်းနိုင်ငံတွေမှာပါ ကျင်းပတဲ့ ဗုဒ္ဓနေ့ အခန်းအနားတွေကို နိင်ငံကိုယ်စား တက်ရောက် သာသနာပြုနေကြပါတယ်။ အဲလို ရဟန်းသံဃာတွေကလဲ မိမိဒကာ/မတွေကို မသိသေးရင်လဲသိအောင် သိပြီးလျှင်လဲ တိုးပွားအောင် ဗုဒ္ဓကို ဗုဒ္ဓမှန်း၊ ဓမ္မကို ဓမ္မမှန်း၊ သံဃာကို သံဃာ မှန်းသိအောင် ကောင်းမှု့ကိုညွတ်ပြ မကောင်းမှု့ကို ရှောင်ဖို့ ဆုံးမပြီး သာသနာပြုနေကြ သလို မိဘတွေကလဲ အိမ်တွင်းမှာ သားသမီးတွေကို ပြန်လည်ပြောဆို ဆုံးမရင်းနဲ့ အိမ်တွင်းသာသနာပြု လုပ်လေးကိုပါ လုပ်ကြဖို့ တိုက်တွန်းကြောင်း ပြောကြားလျှောက်ထားပါတယ်ဘုရား၊ (ခရစ်တော်ရဲ့ မွေးနေ့ ခရစ်စမတ် နေ့တွေကိုသာ ယနေ့ လူငယ်တော်တော် များများက သိကြပေမဲ့ ကိုယ့်ဗုဒ္ဓနေ့  ကိုတော့သိသူ အလွန် နဲပါးကြောင်းလေးကိုပါ ပြောကြားသွားပါတယ်)။

နောက်သီတဂူ အတွင်းရေးမှူး အဘဟန်က ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းလေးနဲ့ ဗုဒ္ဓဘာသာအား ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာအဖြစ် အသိအမှတ်ပြုခံ ရခြင်းအကြောင်းလေးကိုပါ ၀မ်းမြောက်စွာ လျှောက်ထားတင်ပြခဲ့ပါတယ်ဘုရား။ အဘဟန် လျှောက်ထားပြောကြားတာကတော့ ၂၀၀၉ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် ဂျီနီဗာမြို့ အခြေစိုက်သော နိုင်ငံတကာ ဘာသာပေါင်းစုံ မဟာမိတ် ဖြစ်ပေါ်တိုးတက် ရေးအသင်းကြီး (ICARUS )က နိုင်ငံတကာမှ ဘာသာရေး ဦီးဆောင်မှု့ပြုသူများအား ဖိတ်ကြား၍ မိမိတို့ ကိုးကွယ်ရာဘာသာအကြောင်း ဆွေးနွေးစေခဲ့သည်။ ထို့နောက် ဆွေးနွေးခဲ့သည့် ကိုးကွယ်ရာဘာသာ အသီးသီးမှ ကမ္ဘာ့အမွန်မြတ်ဆုံးဘာသာကို မဲပေး၍ ရွေးချယ်စေခဲ့ကြသည်။

ထိုဆွေးနွေးပွဲကြီးသို့ ကမ္ဘာအရပ်ရပ်မှ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော် တက်ရောက်ခဲ့ သည်။ထို (ICARUS ) အသင်းကြီး ဆွေးနွေးပွဲတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်မှာ မဖြစ်စလောက် အနည်းငယ်သာ ပါဝင်ပါသည်။

သို့သော် စာပွဲဝိုင်းဆွေးနွေးပွဲ ပြီးနောက် ကမ္ဘာ့ အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာသာကို မဲပေးဆုံးဖြတ် ကြရာတွင် မယုံကြည်ဘွယ်ကောင်းလောက်အောင်ပင် ဗုဒ္ဓဘာသာက ကမ္ဘာတွင် အမွန်မြတ်ဆုံး ကိုးကွယ်ရာဘာသာအဖြစ် မဲဆန္ဒပေးခြင်းခံရသည်။ အခြားအခြားသော ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ ကိုးကွယ်ရာဘာသာကို မဲဆန္ဒ မပေးဘဲ ဗုဒ္ဓဘာသာကို မဲဆန္ဒပေးခြင်း ဖြစ်ပါသည်။ဤသို့ မဲဆန္ဒပြုရခြင်း နှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ၏ ဝေဖန်သုံးသပ်မှု့မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

သူတို့အားလုံးရဲ့ ဗုဒ္ဓဘာသာကို မြင်တဲ့ အမြင်တွေက အတူတူဘဲလေ  သူတို့ဘာသာတွေမှာ ဘာသာရေး စစ်ပွဲတွေဖြစ်ကြ၊ လူအချင်းချင်းသတ်ဖြတ်ကြ၊အမှားတစ်ခုလုပ်ရင် တိုက်ဖို့ခိုက်ဖို့ လက်နက်တွေ အသင့်ပြင်ထားကြ၊လူတွေ အချင်းချင်းဘာသာရေးကို အခြေခံပြီး သွေးမြေကျမှုတွေ၊ ဒေါသအာဃာတတွေ ရှိကြတယ်ဆိုတာ တွေ့ကြရတယ်။ ဗုဒ္ဓ ဘာသာမှာတော့  ဘာသာရေးစစ်ပွဲတွေကို မတွေ့ကြရဘဲ ငြိမ်းချမ်းရေး လမ်းစဉ်တွေကို ဗုဒ္ဓဘာသာဝင်တွေအားလုံး လိုက်နာ ကျင့်သုံး နေကြောင်းထုတ်ဖေါ် ပြောကြတယ်ဆိုတာကိုပါ ထည့်သွင်းလျှောက် ထားသွားပါတယ်ဘုရား။

ဒါကြောင့် တပည့်တော်တို့တွေလဲ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာ ကိုးကွယ်သော နိုင်ငံနဲ့ ဗုဒ္ဓဘာသာကို လေးစားကြည်ညိုပြီး တကယ့် ဗုဒ္ဓဘာသာဝင်ကောင်း ဖြစ်အောင် ကိုးကွယ် ကျင့်ကြံသော မိဘတွေရဲ့ ၀မ်းထဲ ၀င်စားရတာ ဂုဏ်ယူစရာ ကောင်းပြီး ရခဲသောလူ့ဘ၀လေးမှာ မိရိုးဖလာ ကိုးကွယ်ရာ အဖြစ်မကိုးကွယ်ဘဲ၊ တကယ့် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် အခုထက်ပိုပြီး ကျင့်ကြံ အားထုတ်မယ်လို့ သံဓိဌာန်ချနေမိပါတယ် ဘုရား။

ထို့နောက် အလှူရှင်များက လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှုဒါန်းကြပြီး ရေစက်ချတရား ကိုနားကြားကြ ရေစက်ချကြကာ ပတမပိုင်း အခန်းအနားလေးကို သီတဂူ အဓိဌာန် ဖြင့်ရုပ်သိမ်း ခဲ့ကြပါတယ်။

ဒုတိယပိုင်း အစီစဉ်လေးကတော့ ကျောင်းရှေ့တွင်ရှိသော ဘုရားနှင့်ဗောဓိညောင်ပင်တို့ကို ရေသပ္ပါယ်ခြင်း အခန်းအနားလေးကို ကျင်းပသည်။ ကျောင်းရှိ သံဃာတော်များက  ဇယန္တော ဗောဓိယာမူလေ (၃)ဂါတာရွတ်ဆို ပူဇော် ဦးဆောင်ပြီး  သီတဂူသာသနာပြု အဖွဲ့ဝင်များ အလှူရှင်များသည်  မြတ်စွာဘုရား အားရေသပ္ပါယ်ခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ကြပါတယ်ဘုရား ထိုနောက် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ် လှုဒါန်းကြပြီး ဧည့်ပရိသတ်များကို မြန်မာဘူဖေးစံနစ်ဖြင့် တည်ခင်း ကျွေးမွေးကြပါတယ်ဘုရား။

ဘုန်းဘုန်း ဘုရား တပည့်တော် မှတ်မိထားသလောက်လေးကို လျှောက်ထားတင်ပြ ပေးတာပါဘုရား၊ အမှားတွေပါရင်လဲ သီးခံပေးပြီး ပြင်ဆင်ပေးပါလို့  ရိုသေစွာလျှောက်ထားပါသည်ဘုရား။

ဘုန်းဘနုးလဲ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာ့တာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ တပည့်တော် ဆုတောင်း မေတ္တာပို့လိုက်ပါတယ်ဘုရား။

                 

သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေ၊

 

                                                                                                                

ပန်းစပယ်(လှဆန်းယဉ်)

In: ဆောင်းပါး,Others Posted By: Date: Nov 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment