Professional Authors

သီတဂူ အာယုဒါနအလှူတော် မင်္ဂလာ

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0cm 5.4pt 0cm 5.4pt;
mso-para-margin-top:0cm;
mso-para-margin-right:0cm;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0cm;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;
mso-ansi-language:EN-US;
mso-fareast-language:EN-US;}

 “နာမကျန်းသူတို့အား ပြုစုစောင့်ရှောက်ခြင်းသည်၊ ငါဘုရားအား ပြုစုစောင့်ရှောက်ခြင်း”ဆိုသည့် ဘုရားဟော ဆုံးမစကားနဲ့အညီ သီတဂူ ဆရာတော်ကြီးဦးဆောင်မှု့ဖြင့် သီတဂူ သာသနာပြုအဖွဲ့၏ ကျန်းမာ ရေး စောင့်ရှောက်ခြင်း လုပ်ငန်းဖြစ်သော စက္ခူ့ဒါန အာရောဂျဒါနဆိုတဲ့ လုပ်ဆောင်နေမှု့ကို တင်ပြပေး ချင်ပါသည်။

သီတဂူ အာရောဂျဒါန စက္ခူ့ဒါနဆိုတဲ့ ဆေးရုံတွေ ဖွင့်လှစ်ကာ ကျန်းမာရေး စောင့်ရှောက်မှု့တွေ ကို ပြုလုပ်ပေးနေသည်မှာ အခုဆိုလျှင် မြန်မာနိုင်ငံရှိ ပြည်နယ်/တိုင်း အသီးသီးတို့တွင် သီတဂူ ဆေးရုံပေါင်း (၁၄)ရုံထိ ဖွင့်လှစ် နိုင်ခဲ့ပါသည်၊

ယ္ခုဆေးရုံ (၁၄) ရုံမြောက် ဆေးရုံကို ကရင်ပြည်နယ် မြိုင်ကြီးငူ အထူးဒေသ စုံနံ့သာမြိုင် ရွှေမြို့တော် တွင်  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ(၁၄) ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

မနက်ခင်း အေးမြတဲ့ လေအေးအေးနဲ့ အတူ ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ DKBA တပ်ဖွဲ့ဆေးရုံရှေ့ဘက်ရှိ မြေကွက်လပ်ကြီးတွင် တည်ဆောက်ပြီးစီထားပြီ ဖြစ်သော သီတဂူ-မြိုင်ကြီးငူ အာရောဂျ ဒါန ဆေးရုံကြီး ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပရန်အတွက် သီတဂူဆရာတော်ကြီး အမှုးပြုသော သံဃာတော်များ၊ မြိုင်ကြီးငူ အထူးဒေသမှ မြိုင်ကြီးငူ ဆရာတော် အမှုးပြုသော ဆရာတော် များ သီတဂူသာသနာပြုအဖွဲ့ဝင်များ၊ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်နယ် အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မြိုင်ကြီးငူ အထူးဒေသမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များ၊ ဘာသာခြား ကိုယ်စားလှယ်တော်များ အလှု့ရှင်များ ရောက်ရှိ နေကြပါသည်၊ အခမ်းးအနား မစတင်မီ ဒေသခံ ကရင်ရိုးရာ ဒုံယိမ်းအကများဖြင့် ဧည်သည်တော်များကို ဧည့်ခံနေပါသည်၊                                                                                              

ပထမပိုင်း အစီအစဉ်ကို စတင်ရာ  မနက် (၈)နာရီတွင် ဖွင့်ပွဲ အခမ်းအနားကျင်းပရာ မဏ္ဍပ်တွင်း၌ နေရာယူကြပြီး သီတဂူဆရာတော်ကြီး ကြွရောက်လာကာ နမောတဿ (၃) ကြိမ်ရွတ် ဘုရားရှစ်ခိုးကာ အခမ်းအနားကို စတင်လိုက်ပြီး သီတဂူ ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူကြသည်၊ ကြွရောက်လာကြသော သံဃာတော်များက  မေတ္တာသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ပုဗ္ဗဏှသုတ်များ ရွတ်ဆိုကြပြီး၊ မြိုင်ကြီးငူ ဓမ္မစင်္ကြာ အဖွဲ့သူများ  ဓမ္မဂီတတေးကဗျာကို ရွတ်ဆိုပူဇော်ကြပါသည်၊ ထို့နောက် ဓမ္မစင်္ကြာ အဖွဲ့ဝင်တစ်ဦးဖြစ်သူက    သီတဂူ-မြိုင်ကြီးငူ အာရောဂျဒါန ဆေးရုံတော် တေးထပ်ကို သီဆိုပူဇော်ပါသည်၊ သံဃာတော်များကို လှူဖွယ်များ ဆက်ကပ်လှူဒါန်းပြီး သီတဂူ ဆရာတော်ကြီးမှ အနုမောဒနာ တရားချီးမြှင့်ပါသည်။

ဆရာတော် ချီးမြှင့်သော တရားတော်မှာ တတိယ ရွှေကျင်သာသနာပိုင် ဒီပဲရင်းဆရာတော်ကြီးရဲ့ အဘိဓမ္မာအဖွင့် ကျမ်း  တစ်ခုဖြစ်တဲ့ ပဌမတ္တ စက္ခု့ဆိုတဲ့ ကျမ်းထဲက ဂါထာတစ်ပုဒ်နဲ့ ဘုန်းကြီး ရဟန်း(၃) ၀ါထဲက ကျက်မှတ် ဆုတောင်းခဲ့သည်။  “ငါသည် သူတစ်ပါး အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရပါလို့၏။ ငါ၏ အကျိုးစီးပွားကို သူတစ်ပါးကလဲ ဆောင်ရွက်ရပါလို၏။” “ငါသည်ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ပါရစေနဲ့။  ငါဒုက္ခရောက်အောင် လည်းဘယ်သူကမှ မလုပ်ပါစေနဲ့၊” နောက်ထပ်ဆုတောင်းတွေလဲ ဘုန်းကြီးမှာ ရှိသေးတယ်၊ အဲ့ဒီ့ဆုတောင်းတွေကို ငယ်ငယ်လေးထဲက တောင်းနေခဲ့တာ အသက်တော်လေး  ကြီးပြီး ဒီနေ့ အချိန်ထိတော်တော် တန်တန်လေးပြည့်လာခဲ့သည်။ ဘာကြောင့် ပြည့်ရသလဲပြောရင် ဘုန်းကြီးတို့ သီတဂူ ဆေးရုံပေါင်း ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဒီကနေ့ဖွင့်လှစ်တဲ့ သီတဂူ-မြိုင်ကြီးငူ အာရောဂျဒါန ဆေးရုံ အပါအ၀င်  ဆေးရုံပေါင်း(၁၄) ရုံကိုဖွင့်လှစ်နိုင်ခဲ့ပါသည်။ (၁၃) ခုမြောက်ဆေးရုံကို  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြု ဆေးရုံအဖြစ် လှူထားခဲ့သည်၊ တောင်ပေါ်ဒေသ ၁၀မိုင် ၁၅မိုင် ၂၀မိုင် ၃၀မိုင် ဝေးတဲ့ တောကြိုတောင်ကြားတွေက ကုန်းကြောင်းလျှောက်ပြီး လာကြတဲ့ သွေးချင်းသားချင်း ညီကိုမောင်နှမတွေမှာ မြန်မာစကားကို လူ၁၀ယောက်လာလျှင် ၃ယောက်လောက်သာ ပြောနိုင်ကြတယ်၊ တောင်ပေါ်က ဆင်းလာကြတဲ့သူတွေထဲမှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ သူကလဲ ၁၀ယောက် တစ်ယောက်ပါဖို့ ခဲယဉ်းတယ်၊ အဲဒီ့လူတွေ အားလုံးလူပေါင်း(၄၀၀၀)ကျော်ပါတယ်၊ ထပ်မံ စစ်ဆေးမှု့တွေ  လုပ်ကာ ကုသပေးခဲ့ကြပါသည်။

ခရစ်ယာန် မျက်မမြင်ကျောင်းက ကလေးများကိုလဲ သွားရောက် စစ်ဆေးပေးတဲ့ အခါမှာ ကလေး(၁၀)ယောက်လောက်က မျက်စိမြင်ဖို့  အလားအလာရှိ တယ်လို့ မျက်စိဆရာဝန်ကြီးများက စစ်ဆေးပြီး ပြောသောကြောင့်   အဲဒိ့ကလေး(၁၀)ကို လေယာဉ်ပျံ စရိတ်ပေးပြီး စစ်ကိုင်းခေါ်သွား မျက်စိခွဲတာ (၇)ယောက် မျက်စိမြင်သွားတယ်။စစ်ကိုင်းဆေးရုံကိုလာတုန်းက ကြိုးလေးတွေနဲ့ တန်းစီတွဲပြီး ခေါ်လာကြရတဲ့ ကလေးတွေ ခွဲစိပ်ကုသလို့လဲ ပြီးရော ကလေးတွေ ကိုယ့်လမ်းကိုယ် လျှောက်ပြီး  ထမင်းစားခန်း သွားတာတို့ ၊လေယာဉ်ပေါ်တက်တာကိုပါ ကိုယ့်ဘာသာ ကိုယ့်သွားနိုင် လျှောက်နိုင်ကြသွားသည်၊ဘုန်းကြီးတို့၏ အကျိုးကျေးဇူးက ဤမျှဘဲ၊ သူတစ်ပါးတို့ အကျိုးစီးပွား ရသွားရင် ၀မ်းသာတယ်၊ ဘုန်းကြီးတို့ သီတဂူ တဖွဲ့လုံးရဲ့မျှော်လင့်ချက်က သူတစ်ပါးတို့ရရှိသော အကျိုး ကျေးဇူးကိုကြည့်ပြီး  မိမိတို့ကိုယ်တိုင် ၀မ်းသာခြင်း၊ ချမ်းသာခြင်းဖြစ်ပါတယ်လို့ ဒါလေးယုံကြည် ထားပါသည်၊ဒီပဲရင်းဆရာတော်ကြီးရဲ့ ကျမ်းဂန် ထဲကဆုတောင်း ဒီကနေ့  အတော်အတန် ပြည့်လာတယ်လို့ ဆရာတော် မိန့်ဆိုသွားပါသည်။

ဒီဆုတောင်းတွေကို ဆက်လက်ဆုတောင်းနေဆဲပါ၊ ဒီထက်တိုးပြီးတော့ ဆောင်ရွက် နေရအောင် ဆုတောင်းတွေကို တိုးပြီး တောင်းနေရမှာပါ။နောက်ထပ်လဲ သီတဂူ အာရောဂျဒါနဆေးရုံတွေ ကိုလဲ တိုးတိုးပြီး ဖွင့်လှစ်သွား နိုင်အောင်ကြိုးစားမယ်ဆိုတာရယ်၊ ငါသည် သူတစ်ပါးအကျိုး စီးပွားကို ဖြစ်နိုင်သလောက် တတ်နိုင်သလောက် လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ဓါတ်လေးတွေကို မွေးမြူကြပါလို့  မိန့်ဆိုသွားပါသည်။

မြိုင်ကြီးငူဆရာတော်ကြီး၏ ရွှေပြည်ဝင် တပည့်များဖြစ်ကြတဲ့ DKBA ဒကာ/မများက ပေါင်းစုပြီး ဆေးရုံ အဆောက်အဦး အတွက် ကုန်ကျငွေ သိန်းပေါင်း(၃၀၀၀)ကျော်နှင့် သီတဂူဆရာတော်ကြီး နှင့် သီတဂူ သာသနာပြု အဖွဲ့က ဆေးရုံ အတွက် သိန်ပေါင်း (၃၅၀၀)ကျော် တန်ဘိုးရှိ ဆရာဝန်သုံး၊ လူနာသုံး၊  အသုံးအဆောင်  ပစ္စည်းများနှင့် ရောဂါ စမ်းသပ်ကုသရေးဆိုင်ရာ စက်ပစ္စည်းများ၊ ဓါတ်မှန်စက်များ၊အထွေထွေ ခွဲစိပ်ခန်းနှင့် မျက်စိခွဲစိပ်ခန်း နှစ်ခန်းအတွက်ပါ ပစ္စည်းကိရိယာ အပြည့်အစ၊ုံ 100-KVA အားရှိ Cummis- အမျိုးအစား လျှပ်စစ် ဓါတ်အားပေးစက်  အသစ်ကိုလည်းတပ်ဆင်မောင်းနှင်နေပြီး တိကျပြည့်ဝသော လျှပ်စစ် ဓါတ်အားကိုရရှိစေပါသည်၊စုစုပေါင်း သိန်း(၆၅၀၀)ကျော်တန်ဘိုးရှိ  သီတဂူ-မြိုင်ကြီးငူ အာရောဂျဒါနဆေးရုံ နှင့် ပစ္စည်းအားလုံးကို သီတဂူဆရာတော်ကြီးနှင့် မြိုင်ကြီးငူ ဆရာတော်တို့က ကျန်းမာရေးဝန်ကြီး ဌာနသို့ လွဲပြောင်း အပ်နှံ လှူဒါန်းလိုက်ကြောင်းကိုပါ သီတဂူဆရာတော်ကြီးက ရေစက်ချတရား ဟောရင်းမိန့်ဆိုသွားပါသည်။

ဒုတိယပိုင်း အစီအစဉ်ကို ဆေးရုံရှေ့  မျက်နှာစာတွင်ကျင်းပရာ ပြည်နယ်သံဃာနာယက ဥက္ကဌဆရာတော်၊ ပြည်နယ်သာသနာရေးဝန်ကြီး၊DKBA ,BGF ခေါင်းဆောင်၊အင်္ဂလိကန်နယ်စည်းသာသနာပိုင်၊ ရွှေဂွန်းအောက်ဗလီဆရာ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး။ ကရင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်က ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပါသည်၊ ထိုအချိန်တွင် DKBA,BGF အဖွဲ့မှ အမြှောက်(၉)ချက် ပစ်ဖောက်၍ ဂုဏ်ပြုပါသည်၊ ကျန်းမာရေးဝန်ကြီးဌာနသို့ ဆေးရုံနှင့် ပတ်သက်သော စာရွက်စာတန်းများကို သီတဂူ ဆရာတော်ကြီးကိုယ်တိုင် ပြည်နယ်ဝန်ကြီးချုပ် ကိုလွှဲပြောင်းပေးအပ်ပါသည်၊ သီတဂူကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေး မှအလှုငွေ သိန်း(၁၀၀)၊ သီတဂူ သာသနာပြုအဖွဲ့မှ လှုဒါန်းငွေ (၆၅)သိန်းတို့ကို ပေးအပ် လှူဒါန်းကြပါသည်၊ သီတဂူဆရာတော်ကြီး၊ အမှတ်(၁၀၂၂) နယ်ခြားစောင့်တပ်ရင်းမှ တပ်မှူး ဗိုလ်မှူးမုတ်သုံ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း တို့မှဝမ်းမြောက်စကား များပြန်လည်ပြောကြားကြပါသည်။

ဧည့်သည်တော်များအား ဖွင့်ပွဲ အထိမ်းအမှတ် အလံနှင့် ရိုးရာလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဆေးရုံတွင်းလှည့်လည်ကြည့်ရှု့ကာ ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

ကျမတို့လည်း ဆရာတော်ကြီးကို သွားေ၇ာက် ဂါရ၀ပြု နုတ်ဆက်ကာ ရန်ကုန်သို့ ပြန်လာကြပါသည်၊ အပြန်လမ်းပေါ်တွင် အတွေးဝင်လာသည်မှာ အခုလို ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးရဲ့ တပည့်တစ်ယောက် အနေနှင့် ဆရာတော်ကြီး လုပ်ဆောင်နေသော သာသနာပြုလုပ်ငန်းများ တွင် အုတ်တစ်ချပ် သဲတစ်ပွင့်မျှ ပါဝင်ခွင်ရသည့် ကျမသည် ဆ၇ာတော်ကြီး ဆုတောင်းသကဲ့သို့ ဆုတောင်းတွေကို ဆုတောင်းပြီး ဆရာတော်ကြီးရဲ့ အရိပ်အောက်တွင် သာသနာပြုလုပ်ငန်းများကို မိမိ စွမ်းအားရှိသလောက် ကူညီလုပ်ဆောင် နိုင်ရန် သံဓိဌာန်ချလိုက်ပါသည်။

 

သီတဂူ စန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

 

ပန်းစပယ်(လှဆန်းယဉ်)

           

In: ဆောင်းပါး,Others Posted By: Date: Nov 23, 2011
Comment #1

I would like to invite you all to come and listen to Myanmar Music at my site. I have many Myanmar Songs and Myanmar Mp3 collected on my site.

Myanmar Online Music: http://www.myanmaronlinemusic.com/

Thanks a lot!

commentinfo By: Myanmar Online Music at Nov 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment