Professional Authors

ရီဝေေ၀ အကြည့်နဲ့ ကြည့်တတ်သူလေး သို့ – ဒီရေလှိုင်း

အော် ကောင်မလေးရေ
စူးရှရှနဲ့
ရူးရတဲ့ မျက်ဝန်းလည်းမဟုတ်
လှရက်လွန်းလို့
ဘ၀တစ်သက်လွမ်းရမဲ့
 မြမျက်ဝန်းလည်းမဟုတ်
စိတ်မနောချိုချို
အလှတွေပိုတဲ့ မျက်ဝန်းအကြည့်လည်းမဟုတ်
ရီဝေေ၀ မင်းမျက်ဝန်းအကြည့်တွေက
နှလုံးသားအသိမှာ ပစ်မှတ်ကိုထိ
ချစ်တတ်အောင် ညိတွယ်ခဲ့ ။

မင်းရီဝေေ၀အကြည့်မှာ
အသိတွေ မချင့်တွက်နိုင်
သတိတွေ မရင့်ကျက်နိုင်
နှလုံးသွေးတွေယိမ်းယိုင်
ဦးနှောက်ကိုလည်း ထိန်းလို့မရအောင်တိမ်းမူးမူး
ကိုယ်ဟာအရူးတစ်ယောက်လိုဖြစ်
မင်းပေးတဲ့ဆူးတွေက နစ်ဝင်လည်း
ကိုယ်ကတော့ အပြစ်မမြင် အချစ်တွေထင်ခဲ့ ။

ကောင်မလေးရေ –
 မင်းရီဝေေ၀အကြည့်တွေနဲ့ ဆက်ကြည့်နေလိုက်ပါ
အသက်ရှိသရွေ မက်မိတဲံကိုယ်ကတော့
မျက်တောင်မခတ် ၊ ပင့်သက်မရှိက်
တစိုက်မတ်မတ် ၊ ချစ်တတ်ခြင်းနှလုံးသွေးနဲ့
မဝေးတဲံ့ မင်းရဲ့ဘေးမှာ ခပ်ငေးငေးကြည့်နေမယ် ။

In: ကဗျာ,Others Posted By: Date: Jul 16, 2012
Comment #1

nice.

commentinfo By: ei lay at Jul 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment