Professional Authors

“ကတုံး”

 

ငါ့နောက်ကျောမှာ အမှားတွေ ရှည်လာတာ ခုဆို ခါးကျော်ခဲ့ပေါ့
ဒါတောင်မှ သံဝေဂရဖို့ ကြိုးစားနေရတုန်းပဲလေ
၃ ရက်တစ်ခါ ခေါင်းဆေးလိုက်တိုင်း ကျွတ်ထွက်သွားတဲ့ အမိုက်အမဲတွေ
နောက်တစ်နေ့မနက် ခေါင်းမှာအစီအရီ ထိုးထိုးထောင်လျှက်
ဝန်ထုပ်တွေ မချရသေးတဲ့ ဒီခေါင်း ဖြောင့်၊ ကောက်၊ ညှပ်လည်း လေးမြဲလေးဆဲ
ပေါ့ပါးသွားလေမလား အတွေးတစ်စနဲ့ ပေါင်းတင်ခဲ့တာလည်း အခါခါပေါ့
ကြာလာတော့ နာကျည်းချက် အထွန့်တက်လာတဲ့ ကြမ်းတမ်းတဲ့ အမျှင်တွေ
လူမြင်မကောင်းအောင် ဆံမဲ့စပါးလို ခေါင်းထိပ်မှာ ငွားငွားစွင့်စွင့်
ဒါကိုပဲ မင်းဒုက္ခတွေ အုံကောင်းလိုက်တာ တဲ့
စိတ်ရောင်စုံတွေ ဒဏ်ရာအတွက် မျက်ရည်နဲ့ဖျော်စပ်
ခပ်ပါးပါး အနားသတ်ဖို့ ဟိုက်လိုက်ဖောက်လိုက်ရင် ဘယ်လိုနေမလဲ
သည်းခံမှု ရေစိုကောက်လေးက ပိုဟန်ချက်ညီမယ် ထင်ပါတယ်
သောကတွေ စပရိန်တွန့်နဲ့ဆိုရင် ကဲ့ရဲ့ခံရလေမလား
ခက်တာက ရာသီဥတု မညီမျှတိုင်း နှစ်ခွဖြစ်တဲ့ ပယောဂ
လောကနဲ့ အဆက်ဖြတ်ဖို့ ညှပ်ပစ်တာပဲ ကောင်းမယ်
ဒါမှမဟုတ် တအားကောင်းအောင် အသားပြောင်းရမလိုလို
ဒိထားပြန်တော့ ရေပြင်ညီမျဉ်းက ပြိုင်တယ်ပြောဦးမယ်
စတက်ပုံကျပြန်တော့ အများက အဖျားချွန်တယ်တဲ့
တစ်ခါကောက်က အနာပျောက်တာတော့ အမှန်ပဲ
သွင်းလိုက်ရတဲ့ ဖယောင်းနဲ့ရွှေ အကြောင်းမတည့်လေတော့
အလျဉ်းသင့်သလို တစ်ပတ်လျှိုနဲ့ အမျက်ပြိုတဲ့အခါ
နောက်တွဲဆံထုံးနဲ့ တစ်ယောက်တည်း ပြုံးမိတယ်
လိုအပ်ရင် ဂျပန်ဆံထုံးနဲ့ အမှန်သုံးပြတတ်သလို
ဘီးဆံထုံးလေး အပြီးထုံးပေးတဲ့အခါ
အလှပေါ် အယဉ်ဆင့် ငါ့အတွက်တော့ အဆင်သင့်ပါတယ်
ကဲပါလေ … မထူးတော့ပါဘူး
အများသဘော တရားဟောနဲ့ညီတဲ့
ဘိက္ခူဘ၀နဲ့ စိတ်မပူရအောင်
ဆံပယ်ဖျက်ပြုန်း ကတုံးတုံးတာပဲ အေးပါတယ်

In: ကဗျာ Posted By: Date: Nov 19, 2010
Comment #1

မလုပ်ပါနဲ့ နေပါအုံး ကတုံးကြီးဆို မလှတော့ဘူးနော်
မိဿ က
😀

commentinfo By: saint at Nov 20, 2010
Comment #2

i like it

commentinfo By: pannkhar at Nov 20, 2010
Comment #3

အတွေးတွေကလည်း အမြဲသစ်
အရေးအဖွဲ့ အနွဲ့ ကလည်း ဘက်စုံ
တပုဒ်မှာ ရသတမျိုးရတယ်
ပညာပေးလေးတွေများများေ၇းပေးပါနော်
အထူးသဖြင့် စိတ်ဓါတ်ကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့ 
ကဗျာလေးတွေပေါ့ 
အနုပညာနဲ့ လောကကို အလှဆင်လို့ ရတယ်

commentinfo By: NC at Dec 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment