ဒါအကုန်ပဲ
ဒါအကုန်ပဲ
ဒီပင်လယ်ပြင်ကြီးက
အားလုံးတစ်ပြေးညီ ဆိုပေမယ့်
ငါးခုန်လို့ ရေပွက်တဲ့အချိန်
လှိုင်းကြက်ခွပ်တဲ့အခါမှာ
အမြင့်ဆုံးတစ်နေရာ ငါရောက်ဖူးခဲ့
ပြန်မဆင်းရပါစေနဲ့လို့
ဆုတောင်းချိန်တောင် မရလိုက်ဘူး
ရေပြင်ညီမှာတစ်သားတည်းပြန်ဖြစ်နေပေါ့
ဖန်ဆင်းရှင်လား ၊ The God လား
ခင်ဗျားကြီး ခုတမျိုး၊ တော်ကြာတမျိုးနဲ့
ကျုပ်ဘ၀ထဲက ဘာတွေပြန်ဆွဲထုတ်ချင်တာလဲ
ဖြေး၊ ဖြေးဖြေး……လုပ်ပါဗျ
ပေးတုန်းက သူပဲပေးခဲ့ပြီး
အခုတော့ ဓါးပြတိုက်နေသလို
အတင်း အဓမ္မကြီး……
ဒီမှာကိုယ့်လူ
ကျုပ်ကတရားသမားဗျ
ခင်းဗျားကြီးပြန်တောင်းရင်ပေးဖို့
အဆင်သင့်ထုတ်ပိုးပြီးသား
ယူ၊ ယူယူ…..လိုချင်တာအကုန်ပြန်ယူသွား
ဘာ! တစ်ခုလိုနေတယ်ဟုတ်လား
ကျုပ်အသဲ နာဂစ်မိသွားတာ
ခင်ဗျားကြီး ဘာလုပ်နေလို့မသိလိုက်တာလဲ
ရှိတာပဲ ယူပြီးပြန်တော့
သြော်…..ဒါနဲ့ တစ်ခါတည်းပြောလိုက်မယ်
နောင် ကျုပ်နဲ့လာမပတ်သက်နဲ့
နေ့သစ်
13.2.2010
12.15 am to 2.am
စကားပြောတာပဲဖြစ်ဖြစ်၊ စာရေးတာပဲဖြစ်ဖြစ် မပြောတက် မရေးတက်ရင် ဆဲဆိုနေတာနဲ့ အတူတူပဲတဲ့
PoemsCorner ကသူငယ်ချင်းတွေထဲမှာ God ကိုယုံကြည်တဲ့လူများပါခဲ့ရင်
နေ့သစ် ကိုနားလည်ပေးပါလို့
Comment #3
စတီဖင်ဟော့ကင်း စာအုပ်ထွက်နေတယ်
ဖန်ဆင်းခြင်းဆင့်ကဲဖြစ်စဉ်ကို ငြင်းချက်ထုတ်ထားတဲ့စာအုပ်
မင်း အင်္ဂလိပ်လို ဖတ်တတ်ရင် ၀ယ်ဖတ်ကြည့် ချာတိတ်
By: ဆရာကြီး at Feb 18, 2011
Comment #4
အားပေးသွားတယ်…. သူ့လဲဧည့်စာရင်းတိုင်ခိုင်းနော်…:D
By: May Kha at Feb 19, 2011




Comment #1
ဒီပင်လယ်ပြင်ကြီးက
အားလုံးတစ်ပြေးညီ ဆိုပေမယ့်
ငါးခုန်လို့ ရေပွက်တဲ့အချိန်
လှိုင်းကြက်ခွပ်တဲ့အခါမှာ
အမြင့်ဆုံးတစ်နေရာ ငါရောက်ဖူးခဲ့
ပြန်မဆင်းရပါစေနဲ့လို့
ဆုတောင်းချိန်တောင် မရလိုက်ဘူး
ရေပြင်ညီမှာတစ်သားတည်းပြန်ဖြစ်နေပေါ့