Professional Authors

“ဆင်ဘို …သို့”

မြူနှင်းအပြည့်နဲ့

အရုဏ်ကို ဝှက်ထားတတ်တဲ့မြို့

ဟင်းသီးဟင်းရွက်အပြည့်နဲ့

ရှင်သန်နေတဲ့မြို့

ကိုယ့်အားကိုယ်ကိုးမီးစက်လေးရယ်

ခပ်သေးသေးတည်းခိုဆောင်လေးရှိရဲ့

 

ကမ်းပါးကိုအလွမ်းနဲ့မြေဖို့တတ်တဲ့

သွေးရူးသွေးတန်းခံစားချက်နဲ့

ကောင်လေးတစ်ယောက်ခဏတာခိုဖူးတယ်

“ကြယ်တွေစုံတဲ့ည”သီချင်းကို

ခပ်ဆွေးဆွေးဆိုတတ်တဲ့

စိမ်းဖန့်ဖန့်မြို့

 

ကျောင်းသူလေးတစ်ယောက်ရဲ့

အပြစ်ကင်းတဲ့မျက်လုံးလေးရှိတယ်

လူပေါ်လူဇော်နဲ့

ကောက်ကျစ်မှုတွေရှိတယ်

ဧရာဝတီရဲ့ အနည်ကျမှုတွေ

မျက်ရည်တွေနဲ့ နွေူထွေးမှုတွေရှိတယ်

တစ်ချို့သောသူတွေရဲ့

လူမဖြစ်အောင်ရိုးသားချင်းတွေရှိတယ်

…………………….

အိမ်လွမ်းသူကောင်လေးရဲ့

မျက်ရည်တွေရှိတယ်

 

စိမ်းဖန့်ဖန့်မြို့လေးရယ်

နှင်းရနံတွေရတိုင်း..

ရိုးသားမှုတွေ ….

ကောက်ကျစ်မှုတွေမြင်တိုင်း

နင့်နေအောင်လွမ်းတယ်။

 

(ခဏတာခိုဝင်ဖူးသော ကချင်ပြည်နယ်ရှိ ဆင်ဘိုဆိုသောမြို့လေးသို့ အမှတ်တရပါ)

အရုဏ်ကို ဝှက်ထားတတ်တဲ့မြို့=ကိုချီရွန်ဧ။်စကားလုံးပါ ကျေးကျေးကိုကြီးချီရွန်

In: ကဗျာ Posted By: Date: Nov 14, 2011
Comment #1

ကဗျာကောင်းလေးပါပဲဗျာ….။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 14, 2011
Comment #2

သိပ်လှတဲ့ ကဗျာလေးပဲဗျာ…
အားပေးသွားပါတယ်…

commentinfo By: လွမ်းနောင် at Nov 14, 2011
Comment #3

မြေးလေးရယ်….တကယ်လွမ်းမောစေမိတဲ့ မြို့ လေးပါလား……:)

Comment #4

နှင်းရနံတွေရတိုင်း..

ရိုးသားမှုတွေ ….

ကောက်ကျစ်မှုတွေမြင်တိုင်း

နင့်နေအောင်လွမ်းတယ်။

commentinfo By: May Kha at Nov 14, 2011
Comment #5

ဒီမြို့နာမည်ကိုတော့ မကြားဖူးဘူးဗျ ဒါပေမယ့် ကဗျာကတော့ မြို့ကိုတောင်သွားလည်ချင်မိအောင်စပ်ထားတာဘဲ ဖတ်သွားတယ် အားပေးတယ်ဗျ ကျွန်တော့ကဗျာလည်း အစ်ကိုမြတ်သူမနေ့ကဖတ်ဖြစ်တယ်ဆိုရင် ကျေးဇူးပါဗျာ ။

commentinfo By: X - ray at Nov 14, 2011
Comment #6

ကောင်းတယ်ဗျာ…
လုလင် အားပေးသွားပါတယ် ခင်ဗျာ

Leave Comments

Name*

Email*
Website
Email me whenever there is new comment