Professional Authors
အလွမ်း ( ၂ ) – သစ်ပင်
အလွမ်း
စိမ်းလန်းစိုပြေက
ဒုတ်ထိုးဆိုင်လေးနဲ့ 
ဘုရင့်နောင်တာဝါအောက်က
လှေကားလေးတွေ။
အဆောင်အောင်က
လက်ဖျောက်တီးသံနဲ့ 
ဒဂုန်တက္ကသိုလ်ကို
ကားစီးပြီးသွားဖူးတဲ့ အချိန်တွေ။
ဈေးကြီးလို့  ဆန္ဒပြထားတဲ့
 လှည်းတန်းကသဘော်သီးထောင်းဆိုင်မှာ
ထိုင်ဘူးတာတွေ။
၇သာဆိုင် က ခေါက်ဆွဲကြော်ထဲမှာ
ပါတတ်တဲ့အအသားဖတ်လေးတွေ။
YMCAကထိုင်ခုံမှာ
ထိုင်စောင့်ခဲ့တဲ့ နေ့ တွေနဲ့ 
နေပူကျဲတဲမှာအဆောင်ကို ပို့ ပြီး     
တစ်ယောက်တည်းပြန်လာခဲ့တဲ့နေ့ တွေ။
coffee circle ထိ
အတင်းလိုက်ပို့ တတ်တဲ့ပုံလေးတွေနဲ့ 
ရန်ဖြစ်ဖူးခဲ့ကြတဲ့ star choiceေ၇ှ့ က
ကျီးအော်သံလေးတွေ။
ပြုံးလိုက်တိုင်းပေါ်လာတတ်တဲ့
သွားတက်လေးနဲ့ 
သူကျွေးဖူးတဲ့ ဆီလျှော့ထားတဲ့
အ၇ွက်ကြော်လေးတွေ။
blood diamond ,
Ohm shanti Ohm
ခေါင်နဲ့ မလွတ်တဲ့ ၃ကားအ၀ါလေးတွေ။
ငိုခဲ့တဲ့နေ့ တွေ ၊ ပျော်ခဲ့တဲ့နေ့ တွေ။
ရန်ဖြစ်ကြတဲ့အခါတွေ
ပြန်ချစ်ကြတဲ့အခါတွေ။
ရွေတိဂုံဘု၇ား တောင်ဘက်မုဒ်မှာ
စိုးရိမ်စိတ်တွေ နဲ
့သွေးပျက်နေတဲ့ ငါ့ကို
နှစ်သိမ့်ပေးခဲ့တဲ့ စကားသံနဲ့  အပြုးံလေးတွေ။
ဘယ်တော့ မှ ပြန်မခွဲချင်ကြတာတွေ။
အကြင်နာမျက်ဝန်းတွေနဲ့ 
အပြံး နုနု လေးတွေ။
စိတ်ဆင်း၇ဲအောင်လုပ်မိလို့ 
ငိုခဲ့တဲ့အချိန်တွေ။
ငါနဲ့ အဝေးမှာ………….
………………………..
ငါမရှိရင် မနေတတ်တဲ့…….
ငါမပါရင်မသွားတတ်တဲ့………..
ငါမဟုတ်ရင်မတိုင်ပင်တတ်တဲ့…………..
ငါကလွဲရင်အားကိုးမရှာတတ်တဲ့
ငါ့ရဲ့ အားငယ်နေမဲ့
ငှက်ကလေး ကိုလွမ်း ရတဲ့
ငါ့ကိုလွမ်းနေမဲ့
အလွမ်းတွေ……..
ငါတို့ ရဲ့ 
အလွမ်းတွေ……..
အလွမ်းတွေ……..
အလွမ်းတွေ……..
ပြေစေဖို့ ..
မျှော်နေတဲ့ ၇င်ခွင်ဆီ
ပြေးလို့ သာ. . . .
ပြေးလို့ သာ . . . .
ပြေးလို့ သာ . . . . .
ပြန်ခဲ့ပါတော့ ။             ။
                                                       သစ်ပင်
In: ကဗျာ Posted By: Date: Nov 16, 2010
Comment #1
အရမ်းကြိုက်ပါတယ်… ဖြတ်သန်းခဲ့တဲ့ကာလတစ်ခုကို မြင်နေရသလိုပဲ….:)
commentinfo By: angel at Jun 3, 2011
Comment #2
ကျောင်းကသူငယ်ချင်းတွေကိုလည်းသတိရစေတယ် …
ပြီးတော့ဟိုဟာလေးတွေကိုလည်းသတိရစေတယ် .. မိုက်တယ်ဗျာ … 🙂
commentinfo By: chityellusoelay at Sep 7, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment