Professional Authors

စောင့်နေပါချစ်သူ

 

 

စောင့်နေပါချစ်သူ

ချစ်သူ

ကျနေတဲ့

အလွမ်းမျက်ရည်တွေဟာ

အဆွေးသက်သက်လို့

မဆိုသာပေမဲ့

ခြားနေတဲ့ မိုင်တိုင်တွေသာ

သစ်ပင်တွေဖြစ်မယ်ဆိုရင်

မင်းပြန်ခဲ့ပါက

ပန်းခင်းလမ်း ဖြစ်လျှက်ပေါ့

ချစ်သူ….။

ချစ်သူ

ညနေတိုင်း

ဝင်ဝင်သွားတဲ့

နေမင်းကြီးကို

ဆွေးဆွေးလေးမျှော်ငေးရင်း

မင်းရဲ့လက်တစ်စုံကို

သတိရမိလေရဲ့

တမ်းတမိတာဟာ

တစ်ခါတစ်ရံမှ မဟုတ်တော့

နှလုံးသားတွေတောင်

ထူပူကုန်တယ်

ချစ်သူ…။

ချစ်သူ….။

တစ်ခါတစ်လေများ

မင်းရှိရာအရပ်က

မင်းရဲ့ချိုလွင်လွင်

ရယ်သံကလေးကို

လေညှင်းကလေးအချို့ကများ

စေတနာပြည့်ဝစွာနဲ့

ဆောင်ကျဉ်းရင်း

တစွန်းတစလေးများ

ကြားရမလားလို့

ရင်ခုန်စွာ

ငါနားစွင့်လျှက်ပေါ့

ချစ်သူ….။

ချစ်သူ

ကျောင်းတုန်းက

မင်းစိတ်မကောင်းအောင်

ငါလုပ်ခဲ့သမျှဟာ

တစ်ချိန်ချိန်မှာ

နောင်တ တစ္ဆေ အဖြစ်

ပြောင်းလဲသွားပြီးတော့

ငါ့ကို ခြောက်လှန့်လိမ့်မယ်လို့

ငါတွေးမထားမိတော့

တိတ်တဆိတ်ပေါ့

ချစ်သူ….။

ချစ်သူ

ဘာပဲဖြစ်ဖြစ်

မင်းရှိရာအရပ်

မင်းရှိရာဌာနေကို

ငါ လေ

အလွမ်းပန်းပွင့်တွေ

လှပစွာသီရင်း

မင်းကို ဘယ်လောက်ချစ်ကြောင်းပြောဖို့

ငါလာခဲ့ပါမယ်

ချစ်သူ….။

စောင့်နေပါ…..ချစ်သူ….။

 

 

 

 

 

 

 

 

 

 

In: ကဗျာ Posted By: Date: Sep 5, 2011
Comment #1

ကောင်းလိုက်တဲ့ခံစားချက်ဗျာ … ကူးယူသွားတယ်ဗျို့ … ဟိဟိ

commentinfo By: chityellusoelay at Sep 5, 2011
Comment #2

hote ke…
da ke naw..
pone kha na kha na ma pyaw ne.

commentinfo By: ei lay at Sep 5, 2011
Comment #3

hote ke,,,
pone pyin tway dot kha na kha na ma pyae ne naw.
he,,he,,

commentinfo By: ei lay at Sep 5, 2011
Comment #4

ချစ်သူ

ကျနေတဲ့

အလွမ်းမျက်ရည်တွေဟာ

အဆွေးသက်သက်လို့

မဆိုသာပေမဲ့

ခြားနေတဲ့ မိုင်တိုင်တွေသာ

သစ်ပင်တွေဖြစ်မယ်ဆိုရင်

မင်းပြန်ခဲ့ပါက

ပန်းခင်းလမ်း ဖြစ်လျှက်ပေါ့

ချစ်သူ….။ ကောင်းတယ်ဗျာ … အားပေး နေပါတယ်

Comment #5

ကောင်းတဲ့ဗျာ….
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Sep 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment