ငါ..မယုံဘူး..
မယုံပါဘူး…..
ခုမှာလာပြီးမပြောင်းလဲကြေး…
မင်းပြောတဲ့ လမ်းခွဲဖို့စကားကို
ငါမကြားသလိုနေလိုက်မယ်…
မင်းငါ့ကို နောက်နေတာမဟုတ်လား…….
ဘယ်တော့မှ စိတ်မပျက်ပါဘူးဆို
ခုမှစိတ်ကုန်တယ်လို့ပြောလာတော့
ငါတော်တော်အံ့သြမိတယ်…
သည်းသည်းလှုပ်ချစ်ပြမိခဲ့တာကလွဲရင်
ငါဘာအပြစ်များလုပ်မိလို့လဲ…………
ပြောင်းလဲတတ်တဲ့မိန်းမတွေထဲမှာ
မင်းမပါဘူးလို့ မင်းပြောခဲ့ဖူးတယ်လေ….
အခု ငါ့ကိုလမ်းခွဲဖို့ပြောတာ
ပြောင်းလဲတာပဲမဟုတ်ဘူးလား…..
မနောက်နဲ့ကွာ…
ငါမယုံဘူး…
ငါမင်းကိုသိပ်ချစ်ခဲ့တာ…
မင်းအတွက်အဆိပ်ဖြစ်ခဲ့လေသလား…
မင်းဘယ်လိုပြောပြော
ငါမယုံဘူး….
နောက်ဆုံးတော့လဲ
ငါဘယ်လောက်ပဲ ယုံ…ယုံ
မင်းငါ့ကိုထားခဲ့တာပဲနော်…..
တကယ်ပါ…
ငါလေ….
ခုချိန်ထိကို မယုံနိုင်သေးဘူး……..။ ။
Comment #2
တကယ်ပါ…
ငါလေ….
ခုချိန်ထိကို မယုံနိုင်သေးဘူး……..။ ။
..
မယုံလို့မရဘူး..နော်….
…..
အားပေးလျှက်ပါ
By: အသဲကွဲမိုး at Sep 6, 2011
Comment #3
ယုံလိုက်တော့ လွမ်းနောင်ရေ……..မိန်းမတွေရဲ့ မပြောင်းလဲဖူးဆိုတဲ့ စကားက လျှာဖျားမှာပဲ ရှိတာကွ
အားပေးသွားတယ်……….
By: sitayenyein at Sep 6, 2011
Comment #4
ဟုတ်တယ်….ပြောင်းလဲသွားတာတွေကို
မယုံနိုင်ဘူး
အားပေးသွားပါတယ်ကိုလွမ်းနောင်
By: poem.poem28 at Sep 6, 2011
Comment #5
မယုံနိုင်ဘူး…..နင်စွန့် ခွာသွားတဲ့ …နေ့ ကို……
ဆိုတဲ့ကိုအငဲ ရဲ့ သီချင်းလေးတီးတိုးဆိုမိသွားတယ်……
ဘယ်တော့မှ စိတ်မပျက်ပါဘူးဆို
ခုမှစိတ်ကုန်တယ်လို့ပြောလာတော့
ငါတော်တော်အံ့သြမိတယ်…
သည်းသည်းလှုပ်ချစ်ပြမိခဲ့တာကလွဲရင်
ငါဘာအပြစ်များလုပ်မိလို့လဲ…………
အဲ့ ဒါကိုကအပြစ်အဖြစ်နဲ့ ကျွန်တော်လည်းခံခဲ့ ရဘူးတယ်… 🙂
By: terry at Sep 6, 2011
Comment #6
ငါတော်တော်အံ့သြမိတယ်…
သည်းသည်းလှုပ်ချစ်ပြမိခဲ့တာကလွဲရင်
ငါဘာအပြစ်များလုပ်မိလို့လဲ…………
By: May Kha at Sep 6, 2011
Comment #8
inn,,
ma yone ne.
nout ta khar ma htar ke dot bu.
he,,he,,
just teasing par.
By: ei lay at Sep 10, 2011




Comment #1
အားပေးသွားပါတယ်