Professional Authors

ကံမတရား

သေချာနေတဲ့ အမှန်တရားတစ်ခုက်ု
မရေရာမှုတွေနဲ့ ၀င်တိုးခဲ့တဲ့
ငါကပဲ မှားခဲ့တာလား…………
ရင်ခုန်သံရဲ့ တောင်းဆိုမှုကြောင့်
ဖြစ်ပေါ်လာတဲ့ နှလုံးသားရဲ့
မမြိုသိပ်နိုင်တဲ့ သံစဉ်တွေကပဲ
ငါ့အတွက်
အဆိုးဆုံးဆိုတာတွေကို ဖြစ်စေမှာလား…………..
ဒါမှမဟုတ်
အချစ်ဆုံးဆိုတဲ့သူတစ်ယောက်အတွက်
အကောင်းဆုံးဆိုတာတွေပဲ ပေးဆပ်ချင်ခဲ့သူတစ်ယောက်အဖို့
စိုးရိမ်တယ်ဆိုတဲ့ စိတ်မချမှုတစ်ခုကပဲ
ငါ့အတွက်
အဆုံးစွန်ထိ ဖြစ်သွားစေမှာလားဟင်……………….

In: ကဗျာ Posted By: Date: Oct 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment