Professional Authors

အလွမ်းဖိတ်စာ

ဒဏ်ရာများနဲ့ည
ဝေဒနာများနဲ့ မနက်ခင်း
အလွမ်းတွေနဲ့ အာရုံတက်လာတော့
ကြုံဆုံရတဲ့ တစ်နေ့တာက
ဘယ်လိုလုပ် လန်းဆန်းနိုင်မှာလဲလေ ….

ဝေးကွာနေတဲ့လူ၂ယောက်အတွက်
အချိန်ဆိုတာ
သံယောဇဉ်ကို ပြန့်ပွားစေမှာလား
တိုက်စားစေမှာလား
အဖြေရှာမရတဲ့ မေးခွန်းတစ်ခုကို
အရင်းပြုလို့ ကိုယ့်အတွေးကိုယ်
အလုပ်ပေးရင်း
နာရီလက်တံတွေ လည်နေတာကို
တစ်ယောက်တည်း သံသယပွားနေမိတယ် ..

အသည်းနှလုံးဆိုတာ
ကျောက်ဆောင်တစ်ခုလောက်
မာကျောမှုမရှိတာမို့
ငါ့အတွက်ဆိုတဲ့ နင့်စိတ်လေးလည်း
ဒီအချိန်လောက်ဆို နင့်ရင်ထဲမှာ
ပဲ့ကြွေနေပီလား ..
ဘာကိုမှ ရေရေရာရာမှန်းဆမရနိုင်တော့လည်း
ငါ တိတ်တိတ်လေး ကြေကွဲနေတုံးပါဘဲ

တောင်းတဲ့ဆုတိုင်းသာ
ကြယ်တွေကြွေတိုင်း ပြည့်ဝမယ်ဆိုရင်
ဒီညတော့ ငါမအိပ်ဘဲ
ကြယ်ကြွေသည့်တိုင် ထိုင်စောင့်ပီး
ဆန္ဒနဲ့ဘ၀တို့ တစ်ထပ်တည်းကျပါစေလို့
တောင်းဆုခြွေလိုက်ချင်တယ်

!_!

In: ကဗျာ Posted By: Date: Sep 19, 2012
Comment #1

တောင်းတဲ့ဆုတိုင်းသာ
ကြယ်တွေကြွေတိုင်း ပြည့်ဝမယ်ဆိုရင်
ဒီညတော့ ငါမအိပ်ဘဲ
ကြယ်ကြွေသည့်တိုင် ထိုင်စောင့်ပီး
ဆန္ဒနဲ့ဘ၀တို့ တစ်ထပ်တည်းကျပါစေလို့
တောင်းဆုခြွေလိုက်ချင်တယ်

commentinfo By: MYM at Sep 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment