Professional Authors

နွေ ရွက်ဝါ

နွေ ရွက်ဝါ

 

 

ခုလို နွေဦးပေါက်

အသစ်စက်စက်လက်ထဲက

သွေးပျက်နေတဲ့ ရွက်ဝါတွေဟာ

ကဝေဆန်တဲ့လေပွေထဲမှာ

တလွင့်လွင့်

 

အမှန်တကယ်တော့

ကြိုးပဲ့ခဲ့တဲ့ ကိုယ့်ဒါဏ်ရာကိုယ်မေ့ပြီး

သွေ့ခြောက်နေတဲ့မြေပြင်ကို

အနံ့ခံဖို့ အရသာမြည်းစမ်းကြည့်ဖို့

နွေလေရူးမှာ

အလွန်အကြူးယစ်မူးခဲ့

 

သေချာတယ်

ရွက်ဝါတွေရဲ့ သွေးမဲ့ဒါဏ်ရာဟာ

တစ်နွေလုံးကြွေ တစ်မြေလုံးအနှံ့

ဝါဖန့်နေခဲ့

 

ကိုချို

 

 

In: ကဗျာ Posted By: Date: Feb 26, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment