နင်ရယ်ငါရယ်မျက်ရည်အချို့ ရယ်-ရွှေကြယ်မိုး
(ကျွန်တော့်ဘ၀ရဲ့ အထူးခြားဆုံးကဗျာလေးပါ။
အားလုံးကြိုက်လိမ့်မယ်လို့ တော့မထင်မိဘူး….
တကယ်ဆို ခံစားချက်တူသူတွေအတွက် မျက်ရည်တစ်စက်
ဖြစ်ပါလိမ့်မယ်…)
ရေခိုးရေငွေ့ တွေက
ပင်လယ်ကို ပြုစားနေတာလား?
တိမ်စိုင်တွေက ညှို့ မှိုင်းတုန်းရယ်…
မိုးသားရိပ်တွေက ဟိုတစ်ကွက်ဒီတစ်ကွက်..
ငါငိုဖို့ စောင့်နေတာလားကွယ်…
ခုထက်ထိမျက်ဝန်းမှာ…
ရေစက်တွေက ကခုန်ဆဲကွဲ့ …
ပြိဿရာသီရဲ့
နေ့ စွဲတစ်ခုကစလို့ …
ငါ့ ကလောင်ချက်တွေ
ကြမ်းခဲ့ရတယ်…
ဟောတစ်ရွက် ဟောတစ်ရွက်
စကားလုံးအမြောက်အများထဲ
ငါ..လဲလဲကျတယ်…
အခုတော့…
စကားလုံးတွေကြားမှာ
ငါနေတတ်ခဲ့ပြီ…
ဒါပေမယ့်”နင်” ဆိုတဲ့
စကားလုံးမပါပဲနဲ့ 
ငါ့ရင်ဘတ်ကို ချမပြနိုင်တာ
ငါညံ့တယ်ပဲပြောပြော
ငါ..နေပျော်တယ်
တိမ်ဖြူတန်းအနည်းငယ်နဲ့ 
ကြယ်လေးတွေဝေငှတဲ့…
လင်းတစ်လှည့် မှိန်တလီညတွေဆို
မော်မော်ကြည့်ရတာအမောပေါ့…
ဒါပေမယ့် လမင်းကြီးက
ဘယ်မလဲကွယ်…
မွန်မွန်ရေ………….လို့ 
ငါ  အကြိမ်ကြိမ်အော်တယ်…
ငါ့နှလုံးသားတွေ တစစီ
ကြွေကျလာသည့်တိုင်
ငါအော်မြဲတိုင်း အော်နေခဲ့တယ်
(မွန်မွန်ရေ…………..
…………………………………….)
နင်ကတော့ တခြားသောသူတို့ ရဲ့
ငှက်ဆိုးသံတွေကြားမှာ….
ကခုန်နေမယ်ထင်ပါရဲ့…
အရင့်အရင်က…
ငါတစ်ယောက်တည်းအတွက်
ငါပျော်ဖို့ တစ်ခုတည်းအတွက်
နင် ပြောပြောပြခဲ့တဲ့
ပုံပြင်တွေကို ငါသိမ်းထားတယ်…
နင်ခူးခြွေခဲ့ဖူးတဲ့ အညတရ
ပန်းဝါလေးတွေကိုမြင်တိုင်း
တချိန်က ငါ ဆိုတာကို
ငါ ပြန်ပြန်သတိရတယ်…
နင် ဘာတွေဘာတွေ
ပြောင်းလဲခဲ့ ပြောင်းလဲခဲ့
မပြောင်းလဲနိုင်တဲ့ ငါ့အချစ်တွေက
တိုးတထက် တိုးနေဆဲပေါ့…
နင့်ရဲ့ ရက်စက်မှုတွေများလာလေလေ
ငါ ပိုခံစားရလေ ဆိုပေမယ့်
နာမကျည်းမိခဲ့တဲ့ ငါ့စိတ်ကို
ငါ ပြန်သနားမိတယ်…
နင်နဲ့ ပတ်သက်တိုင်းသူဟာ
ဟန်ဆောင် အားတင်းအပြုံးတွေနဲ့ 
ချိနဲ့ နေခဲ့ရတာမဟုတ်လား?
မွန်မွန်ရယ်…
တချို့ သောအိပ်မက်ဆိုးတွေက
ငါ့ကို လန့် နိုးစေတာပေါ့…
နင်ပါတဲ့ အိပ်မက်တွေမှာ
ဘယ်လိုပဲ ခြောက်ခြားဖွယ်ကောင်းပါစေ…
ငါ နိုးမထရက်ပါဘူးလေ…
တချိန်တုန်းက နင်
အခုလက်ရှိဘ၀က နင်
သူမတူအောင် ကွာခြားသွားခဲ့ပြီပဲ…
ရင်ကွဲပုဇင်းတစ်ကောင်ရဲ့
စူးစူးရှရှအော်မြည်သံတွေ
လေတစ်ချက်အဝေ့မှာ…
ယောင်ယောင်ပြီး ကြားနေမလားမွန်မွန်…
(နားကိုဆွဲပိတ်ထားလိုက်ပါတော့ ဟာ)
အပူပြတ်ရွေ့ တွေက
တဖြည်းဖြည်း နေရာယူလာခဲ့…
ချယ်ရီပွင့်ခြောက်တွေရဲ့
နောက်ဆုံးရနံ့ တွေ ကမ္ဘာမြေမှာ
သင်းထုံနေတုန်းရယ်…
မိုးကုပ်စက်ဝိုင်းတွေ လွန်သည့်တိုင်
ငါ့အတွေးမှာ ကပ်ပါလာတဲ့
နင့်အရိပ်တွေ ငါဘယ်လိုလုပ်
ခွါချရက်မလဲ…
ရှိပါစေတော့ မွန်မွန်ရယ်…
အားလုံးဟာ ကိုယ့်အပြစ်တွေပါပဲ
ရှိပါစေတော့လေ…
သက်ဆုံးထိတိုင် မဟုတ်တောင်မှ
နင့်အတွေးမှာ ငါ့ကိုသတိရမိတဲ့အခါ
အညတရကဗျာသမားလေးငါရဲ့
ပေးခဲ့ဖူးတဲ့ ကဗျာလေးတွေကို
လှန်လှောကြည့်ပေါ့…
ငါ့စိတ်ကို ဖောက်ထွင်းကြည့်ဖို့ ဆိုတာ
ဒီကဗျာတွေကပဲ တတ်နိုင်မှာမဟုတ်လား?
အခု ငါ့ရင်ထဲမှာ
‘နတ်သမီး မဖတ်ခဲ့ရတဲ့ ကဗျာ’တစ်ပုဒ်ရယ်
လက်ကျန်ဆူးတစ်ချောင်းရယ်…
အသစ်စက်စက်ကျန်နေသေးတယ်
ကောင်းကင်တွေ ပြိုကျသွားမလား?
မြေပြင်ကိုယ်တိုင်ကသေဆုံးနေပါပြီ…
မျှော်တော်ယောင်စောင်းကြိုးတွေ
ပြတ်ရှသွားမလား………..?
သံစဉ်တွေက ကင်းမဲ့နေပြီ…
နင်နဲ့ ပတ်သက်လို့ ငါ့ရဲ့
ကျဆုံးခန်းတွေက ဆုံးခန်းတိုင်မှာ
မဟုတ်တော့ပါဘူး…မွန်မွန်
နင်နဲ့ ငါ့ကိုကွဲကွာစေခဲ့တဲ့
ကြားခံအရာဝထ္ထုမှန်သမျှ
နာနာကျည်းကျည်း ငါမုန်းတယ်…
မေတ္တာဆိုတာ အလျားအနံမရှိပေမယ့်
အသွားအပြန်ရှိတယ်တဲ့လား?
(ဟ…ဟ…ဟ…ဟ)
ဒီစကားကိုလည်းငါမုန်းတယ်
လက်သင့်မခံနိုင်လောက်အောင်ကို
မုန်းတယ်….အဲ့ဒီ့လိုပဲ
ငါ့ကိုယ်ငါလည်း ငါပြန်မုန်းတယ်
ဘာတွေကိုဘယ်လောက်ပဲမုန်းမုန်း
ငါ့ကိုယ်ငါဘယ်လောက်ပဲမုန်းမုန်း
နင့်ကိုတော့ ရာသီအစက်စက်
ပြောင်းလဲသည့်တိုင်ချစ်ရတယ်…
ဘ၀အဆက်ဆက်နာကျင်ခံစားရမှုမျိုးနဲ့ လည်း
နင့်ကိုငါချစ်ရတယ်…
(ဟုတ်တယ်….မွန်မွန်)
ဒါတွေဟာဖြစ်ခဲ့တယ်…
ငါ့ကိုယ်ငါ မယုံကြည်နိုင်လောက်အောင်
ဒါတွေဟာ အဆုံးမသတ်ဖြစ်ခဲ့တယ်…
အခုတော့ ဒီမျှနဲ့ ပဲ…
ကြေနပ်လိုက်ပါတော့ မွန်မွန်…
အခြားခြားသော ရက်စက်မှုမျိုးတွေကိုလည်း
ငါ…မမြင်ကွယ်ဟန်ပြုပေးထားပါ့မယ်…
နင့်အတွက် ရေးစပ်ခဲ့တဲ့ ကဗျာတွေကတော့
ပြီးဆုံးသွားမှာ မဟုတ်ဘူး..မွန်မွန်
အရင့်အရင် ကဗျာတွေလည်း မပြီးသေးပါဘူး
အခုဒီကဗျာလည်း  ပြီးမှာမဟုတ်ဘူး မွန်မွန်..
ဒါပေမယ့် ရှေ့ဆက်လျှောက်ဖို့ ဆိုတာ
ခရီးတစ်ထောက် နားရမယ် မဟုတ်လား?
နင် ကျန်းမာပျော်ရွှင်စွာ ရပ်တည်နေနိုင်ပါစေ မွန်မွန်…
	                          ရွှေကြယ်မိုး
Comment #2
ကိုရဲဝင့်အောင်- ခံစားနားလည်ပီးအားပေးသွားပါတယ်နော်……….
 By: May Kha at Nov 2, 2011
                        By: May Kha at Nov 2, 2011
                    Comment #4
အခုတော့…
စကားလုံးတွေကြားမှာ
ငါနေတတ်ခဲ့ပြီ…
ဒါပေမယ့်”နင်” ဆိုတဲ့
စကားလုံးမပါပဲနဲ့ 
ငါ့ရင်ဘတ်ကို ချမပြနိုင်တာ
ငါညံ့တယ်ပဲပြောပြော
ငါ..နေပျော်တယ်
ဒီအပိုဒ်လေးကိုပိုကြိုက်တယ်ဗျ။အားပေးသွားပါတယ်။
 By: poem.poem28 at Nov 2, 2011
                        By: poem.poem28 at Nov 2, 2011
                    Comment #5
so…..
        so……
                  so……..
nice………………………..
 By: ei lay at Nov 4, 2011
                        By: ei lay at Nov 4, 2011
                    Comment #6
ရေးတတ်လွန်းတယ်ဗျာ
 By: n$n at Feb 12, 2013
                        By: n$n at Feb 12, 2013
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login
Comment #1
ပိဿရာသီရဲ့
နေ့ စွဲတစ်ခုကစလို့ …
ငါ့ ကလောင်ချက်တွေ
ကြမ်းခဲ့ရတယ်…
ဟောတစ်ရွက် ဟောတစ်ရွက်
စကားလုံးအမြောက်အများထဲ
ငါ..လဲလဲကျတယ်…
တစ်ပုဒ် လုံးကြိုက်တယ်ဗျာ