Professional Authors

” သွေးမထွက်တဲ့ ဒဏ်ရာ “

သွေးမဲ့ဒါဏ်ရာ ဆိုပေမယ့်
ထိရှချက်က ပြင်းလွန်းတယ်
မိုးကြိုးတွေ အစင်းစင်းပစ်တာတောင်
ထန်းလက်ယူဖို့ မတွေးမိဘူး
(ခမ်းနားမြင့်မြတ်စွာ ချစ်ပြနေလိုက်ပုံ)
ဟောင်းလောင်းပွင့် ရင်ဘတ်ကြီးနဲ့
ပစ်ပစ်နှစ်နှစ် လွမ်းချင်တဲ့ကောင်လေ ….
အခုတော့ နားလည်ပါတယ်
အသဲကွဲတယ်ဆိုတာ သွေးမှမထွက်ပဲ …..။   ။
In: ကဗျာ Posted By: Date: Sep 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment