Professional Authors

ကျဆုံးသွားသော အလံဖြူ

အစကတည်းက မကောင်းမှန်းသိခဲ့ရင်

ကျွန်မစောင့်နေခဲ့မှာ မဟုတ်ဘူး

အားမှ ကဗျာရေးတဲ့သူရယ်

မှားမှ ခဝါချတဲ့သူရယ်

ဒီနှစ်မျိုးနှစ်စားအတွက်

ကျွန်မ တံခါးတွေပိတ်ထားခဲ့ပြီးသား

စိုမှန်းသိမှ အေးမယ်

ငိုမှန်းသိမှ သနားမယ်ဆိုရင်

ကျွန်မ လက်အစုံ အလိုလိုဝှေ့ယမ်းပြီးသား

ထားခဲ့လို့ရပါတယ်

ဒါပေမဲ့ မဆဲမဆိုနဲ့ပေါ့

မှားခဲ့လို့လဲ ရသေးတယ်

ဒါပေမဲ့ မတောင်းပန်နဲ့တော့

ဗြူဟာတွေသုံးပြီးမှ

စနစ်တကျ တင်းမာခဲ့တာမဟုတ်လေတော့

သွားတော့ဆိုလဲ ချာခနဲပါပဲ

နေတော့ဆိုလဲ လာခဲ့မှာမဟုတ်တော့ဘူး

 

ရှေ့တူရှုက အမုန်းတရားတွေမမြင်နိုင်အောင်တော့

ကျွန်မမျက်လုံးတွေ မမှုန်သေးဘူး

တစ်ချိန်တည်းမှာပဲ တစ်ခါတည်းကြည့်သွား

မြင်လား တစ်လူလူလွင့်နေတဲ့အရာ

အဲဒါ မာနတံခွန်တဲ့

ကျွန်မ အမြတ်တနိုးကို စိုက်ထူပစ်ခဲ့တာ…….

 

ကြက်ခြေခတ်X

8x3x11

In: ကဗျာ Posted By: Date: Jul 23, 2011
Comment #1

ရှေ့တူရှုက အမုန်းတရားတွေမမြင်နိုင်အောင်တော့

ကျွန်မမျက်လုံးတွေ မမှုန်သေးဘူး

တစ်ချိန်တည်းမှာပဲ တစ်ခါတည်းကြည့်သွား

မြင်လား တစ်လူလူလွင့်နေတဲ့အရာ

အဲဒါ မာနတံခွန်တဲ့

ကျွန်မ အမြတ်တနိုးကို စိုက်ထူပစ်ခဲ့တာ…….သတိရလျှက်..အားပေးသွားသည်

commentinfo By: အသဲကွဲမိုး at Jul 23, 2011
Comment #2

နေကောင်းရဲ့လားဗျာ……
အားပေးသွားပါတယ်။

commentinfo By: moehtetaung18 at Jul 23, 2011
Comment #3

good……………..

commentinfo By: May Kha at Jul 25, 2011
Comment #4

မိုက်တယ်

commentinfo By: Arker at Jun 22, 2012
Comment #5

ကောင်းပါ့ဗျာ

commentinfo By: နိုးဆက် at Mar 28, 2013
Comment #6

ကောင်းတယ်

commentinfo By: မေပျို at Mar 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment