ခပ်ကြမ်းကြမ်းရေးတဲ့ကဗျာ
ခပ်ကြမ်းကြမ်းရေးတဲ့ကဗျာ
စကောလောက်တော့ ဇောက်မနက်ဘူး ။
ကလိမ်စေ့ကို ငြမ်းဆင်
လူလည် ပက္ကားဆိုလားပဲ ။
လက်တစ်ကမ်းအလိုက ပန်းတိုင်ကို
လက်တစ်ကမ်းနားအရောက်မှာ
လက်တစ်ကမ်းကို ရွှေ့တယ် ။
ငါးစာနဲ့ ငါးကိုခေါ်တဲ့ သီအိုရီတဲ့
အဆံချောင် သင်္ကြန်အမြှောက်
အရူးတွေ ဘုံမြောက်ခံထားရတယ် ။
သွားပြီးပေါ့ သွားပြီးလေ ဟိုးအဝေးဆုံးကို မကြည့်နဲ့ သွားပြီ ။
လည်ပင်းရှည်သူကရှည်
အသက်သေသူကသေ
သူ့ကျွန်ပြီးတော့ ကိုယ့်ကျွန်
ကံအကြောင်းမလှတဲ့ ဘ၀တွေ ။
တဘို့ ချောင်လည်အောင်
ပြင်ဆင်ထားတဲ့ ဒီပြဇာတ်မှာ
တဘို့ပဲ ကြည့်တယ် တဘို့အတွက်ပဲ လုပ်တယ်
တဘို့တိက္ကမနဲ့ တဘို့နောက်လိုက်နောက်ပါများ ။
အမှန်တရားကို အမှန်တရားလို့ပြောဖို့ အာစေးမိနေကြတယ် ။
အာရှကျားကို အကြောသတ်ပြီး
ခြေသိမ်အောင်လုပ်ခဲ့တဲ့ ဖွတ်ကျားများ
ဇလုပ်တင်းတဲ့အခါ ကိုယ့်အထုပ်ကိုယ်ပိုက်ပြီး
အရိုးကိုက်ဖို့ပါ စောင့်နေကြဦးမလား ။
တော်ကြပါ………
လူလည်း အရိုးပဲရှိတော့လို့ ။
မျိုးမြတ်လွင်
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}