Professional Authors

အခန်းနံပါတ် 506

ကုတင်နှစ်လုံးပါ နှစ်ယောက်အိပ်ခန်းထဲ

ကုတင်နှစ်လုံးဟာ အတူတကွ

ကုတင်တစ်လုံးပေါ်မှာ စားကြွင်းစားကျန်များ

ကုတင်တစ်လုံးပေါ်မှာ အာဟာရများ…။

ကုတင်တစ်လုံးဟာ ကြေမွတွန့်ခေါက်ချိန်

ကုတင်တစ်လုံးဟာ ပြန့်ပြူးညီညာ…။

အဲယားကွန်းက ရေတစ်စက်စက်ကျတာ

ရေသန့်ဘူးအပေါက်နဲ့တည့်အောင် မနည်းခံထားရ။

အဓိပ္ပါယ်မရှိတာတွေလာနေတဲ့ တီဗွီ

ရီမု ..ဘယ်ရောက်သွားလဲ…။

ကုတင်တစ်လုံးက ပြန့်သန့်ဖွေးဖြူ

ကုတင်တစ်လုံးက ညိုညစ်စွန်းကွက်…။

ကုတင်တစ်လုံးဟာ ပင့်သက်တရှိုက်ရှိုက်

ကုတင်တစ်လုံးဟာ သက်ပြင်းတချချ….။

ညီမလေး…..

မင်းဆံပင်တွေ ကျန်ခဲ့တယ်….။

…………………………………………………….ဟိန်း(27.3.2012)…

In: ကဗျာ Posted By: Date: May 7, 2012
Comment #1

အ၇မ်းမိုက်တယ် လေးစားပါတယ်ဗျာ

commentinfo By: Village chat kyi at May 7, 2012
Comment #2

Good

commentinfo By: မောင်မြတ်သူ at May 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment