Professional Authors

လမြတ်တန်ဆောင်တိုင်ဆီ

ချမ်းအေးသာစွ
တန်ဆောင်တိုင်ညခါ
တာရာအပေါင်း
စုကာညောင်းလို့
နက္ခတ်သဘင်ပွဲ
ဆင်နွှဲခဲ့ပြီ
နွယ်မြက်သစ်ပင်
ဆေးဖက်ဝင်သည်

ခါးခါးသက်သက်
မယ်ဇလီနဲ့
ရေနွေးတွဲဖက်
စားကာသောက်လို့
ပျော်ရွှင်ယှဉ်နွှဲ မုန့်လုံးပွဲစည်
လမြတ်တန်ဆောင်တိုင်ဆီ….

လင်းယံခ
၂၈.၁၁.၁၂ ၂၃း၅၃မိနစ်

In: ကဗျာ Posted By: Date: Dec 2, 2012
Comment #1

စားလိုက်ရဖူး .. ဒီကဗျာဖတ်မှ ပိုစားချင်လာသလိုပဲ

commentinfo By: မေပျို at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment