Professional Authors

အရှုံးတွေထဲက အရှုံး

မမျှော်လင့်ခဲ့ဖူးတဲ့ အပြုံးတစ်ချို့
နှုတ်ဆက် လက်ပြဖို့ ပြုံးခဲ့တာ
ဟောဒီ့ နှလုံးသားရဲ့နောက်ဆုံးက
အရှုံးဆိုမှ အရှုံးပါဗျာ…။

စိတ်ကူးယဉ်ဖို့တောင်မှ အင်အားမဲ့နေတာ
နွေ…………………….၊
ဟောဒီရင်ထဲက နွေ….
တမ်းတဖို့ကို လည်း မတွေဝေနိုင်ခဲ့..။

နှုတ်ဆက်ဖို့ ပြုံးတာ သိရက်နဲ့လည်း
မျက်လုံးမှိတ်ပြီး ပြုံးပြဖူးတယ်..၊
တစ်သက်လုံး ဆိုတဲ့စကားလုံးတွ
ရေအဆုံးမြေအဆုံး…
တည်နိုင်ပါဦးမလား..?.။

သက်သေတွေမလိုတဲ့ သဘောတူညီမှု
ဘယ်သူ့အကူမှ မပါပဲ ငါ့တို့ဖန်ဆင်းခဲ့တယ်..၊
မေ့ဖျောက်နိုင်ဖို့အတွက်ပါပဲ
အသိခေါက်ခက် အဝင်နက်နက် ကြိုးစား
ရာဇသံနဲ့ ကြေငြာတဲ့ တေးသွားမှာကိုက
(ငါ့မျှော်လင့်ချက်တစ်ချို့)
နင်မလိုချင်လို့ ဘေးထားခဲ့တာ…။

သာဓကအနေနဲ့ပဲ မုန်းမုန်း
ဟော့ဒီ နှလုံးသားရဲ့နောက်ဆုံးက
အရှုံးဆိုမှ အရှုံးပါဗျာ……….။   ။
                    
                                        ဇော်သက်ဦး

In: ကဗျာ Posted By: Date: May 8, 2012
Comment #1

nice writing,

commentinfo By: ei lay at May 8, 2012
Comment #2

သက်သေတွေမလိုတဲ့ သဘောတူညီမှု
ဘယ်သူ့အကူမှ မပါပဲ ငါ့တို့ဖန်ဆင်းခဲ့တယ်..၊
မေ့ဖျောက်နိုင်ဖို့အတွက်ပါပဲ
အသိခေါက်ခက် အဝင်နက်နက် ကြိုးစား
ရာဇသံနဲ့ ကြေငြာတဲ့ တေးသွားမှာကိုက
(ငါ့မျှော်လင့်ချက်တစ်ချို့)
နင်မလိုချင်လို့ ဘေးထားခဲ့တာ…။

commentinfo By: May Kha at May 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment