Professional Authors

‘နွေရင်ခွင်ရဲ့ဂီတ’ (ဝေဟင်)

ငါ့နှလုံးသားက
ကဗျာတွေထုဆစ်နေချိန်မှာ
ငါ့လက်တစ်စုံက
အိပ်မက်တွေကို ဖမ်းဆုပ်ထားနိုင်စွမ်းမရှိတော့
တွေဝေမှုတွေ ထမ်းပိုးထားရတဲ့
ဝဲဘက်ရင်တချမ်းဟာ ပိပြားလို့ လာတယ်….။
အိပ်စက်ခြင်း မစွမ်းတဲ့
အိပ်ဆေးတွေနဲ့ ထွေးသတ်
ညဥ့်နက်နက်မှာ အတွေးတစ်စက
ပင်လယ်ကြီးပြာနေတာ
ကောင်းကင်ပြာပြာ ကြီးအုပ်မိုးထားလို့ ဆိုတာတွေးမိတော့
ပင်လယ်ရေတွေ ဘာကြောင့်ငန်နေရလဲ တွေးမိပြန်ရော….။
မနေ့ က
ဒီနေ့ မနက်နေခြည်နွေးနွေးလေးကို
မျှော်လင့်လက်ကမ်းမိတဲ့ ငါက
ဒီနေ့ 
မနေ့  က၀င်သွားတဲ့နေညိုချိန်ကို
တမ်းတ ဆွဲယူနေချင်ပြန်ရော….။
လွမ်းတေး ညည်းဖို့ 
စကားလုံးရှာမရတော့
သံစဉ်တွေမျောပါသွားတဲ့
စမ်းချောင်းဘေးက ဥသြငှက်ကလေးကို
အားကျမိတယ်….။
ဆရာတာရာမင်းဝေရဲ့
ကောင်းကင်အကြွေကောက်တဲ့လက်သာရခဲ့ပြီး
မရှုမလှပြိုကျနေတဲ့
ငါ့ရဲ့ ခပ်မွဲမွဲကောင်းကင်ကိုကောက်
ပင်လယ်ကြီးကို အုပ်မိုးနိုင်ခဲ့ရင်
ပင်လယ်ရေတွေ ချိုလာမလားပဲ………….။

ဝေဟင်

In: ကဗျာ Posted By: Date: Dec 1, 2012
Comment #1

မနေ့ က
ဒီနေ့ မနက်နေခြည်နွေးနွေးလေးကို
မျှော်လင့်လက်ကမ်းမိတဲ့ ငါက
ဒီနေ့ 
မနေ က၀င်သွားတဲ့နေညိုချိန်ကို
တမ်းတ ဆွဲယူနေချင်ပြန်ရော….။
( me too)

commentinfo By: mayviolet at Dec 1, 2012
Comment #2

ဆရာတာရာမင်းဝေရဲ့
ကောင်းကင်အကြွေကောက်တဲ့လက်သာရခဲ့ပြီး
မရှုမလှပြိုကျနေတဲ့
ငါ့ရဲ့ ခပ်မွဲမွဲကောင်းကင်ကိုကောက်
ပင်လယ်ကြီးကို အုပ်မိုးနိုင်ခဲ့ရင်
ပင်လယ်ရေတွေ ချိုလာမလားပဲ………….။

ပင်လယ်ရေချိုဖို့ စောင့်နေမိတယ်

commentinfo By: မေပျို at Dec 2, 2012
Comment #3

ဘာလုပ်ဖို့ လဲ မမေပျို

commentinfo By: soewaihin at Dec 2, 2012
Comment #4

ခပ်သောက်ပစ်ချင်လို့ပါရှင့်

commentinfo By: မေပျို at Dec 2, 2012
Comment #5

ပြန်ကောက်နိုင်တဲ့ တနေ့ 
မမေပျို ကိုမမေ့ပါဘူး

commentinfo By: soewaihin at Dec 2, 2012
Comment #6

ပင်လယ်ရေတွေ ချိုသွားရင် ဆားဘယ်လိုလုပ်မလဲကွယ်။
သစ်ပင်တွေခုတ်ပြီး ရုက္ခမူဆားလုပ်ရလိမ့်မယ်။
မချိုစေချင်ပါနဲ့ သူငယ်ချင်းရယ်။
အားပေးနေပါ့မည်…လေးစားစွာဖြင့်။

commentinfo By: miss tower at Dec 2, 2012
Comment #7

ရှေးကဆရာ့ ဆရာကြီးတွေကညွှန်းဖွဲ့ ကြတယ်
တမာခါးတောင် ချစ်စိတ်နဲ့ စားရင် ခါးမှာမဟုတ်ဘူးတဲ့.။
အကိုလဲကောင်မလေးကိုချစ်တဲ့စိတ်နဲ့သူသောက်ခိုင်းရင်
ပင်လယ်ရေတွေ ကလဲ အကို့နှလုံးသားကို ချိုစေမှာပါ…….။
အတိတ္တယ၀ုတ္တိကျကျ ဖွဲ့ ဆိုထားခြင်းမျှသာဖြစ်ပါသည်….။
လေးစားစွာဖြင့်
ဝေဟင်

commentinfo By: soewaihin at Dec 2, 2012
Comment #8

အားပေးသွားပါတယ်ဗျာ
အရမ်းမိုက်တယ်အရေးအသားလေးတွေက

commentinfo By: loafer at Dec 2, 2012
Comment #9

ကျေးးဇူးပါ အကို

commentinfo By: soewaihin at Dec 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment