Professional Authors

စစ်ကင်းတဲ့ မြေပြင်

မင်း …. က
ငါ့ရှေ့ကို ရောက်မလာတတ်တော့ပေမယ့်
ငါ့ရင်ထဲမှာ တော့
ထာဝရ နေရာယူခဲ့သူပါ ..

အဖြူရောင်သံရောဇဉ်တွေ
ငါဆေးဆိုးခဲ့တာ မဟုတ်ပါဘူး
မတော်တဆ
စွန်းထင်းသွားခဲ့တာပါ ..

ငါ့မျက်ဝန်းတွေက မင်းအပြုံးလေးကို
မက်မောတယ်
ငါ့နားတွေက မင်းစကားသံလေးကို
တပ်မက်တယ်
ရိုးရိုးလေးပဲ ချစ်ခဲ့တယ် ..

သိုဝှက်ထားခြင်းတွေ
အရာမ၀င်တော့ဘူးဆိုလည်း
ငါ့အချစ် .. အလွမ်းတွေ
ခြေရာထင်ဆဲပါ ..
ချစ်ခြင်းတရားဆိုတာ တွေ့ဆုံနေမှ
တည်မြဲတာ မဟုတ်တာပဲ ..

ချစ်သူရယ်  …
မုန်းချင် မုန်းပါ
မပုန်းပါနဲ့
ငါဟာ နင့်ရဲ့ရန်သူမှ မဟုတ်တာပဲ …

မင်းအတွက်ဆို
ငါ ……………….
လက်နက်ချပြီးသားပါကွယ် … ။

 

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Jun 13, 2010
Comment #1

အရမ်းကြိုက်က်တယ် …….. …………..

commentinfo By: သူသူ at Jul 19, 2010
Comment #2

ဟုတ် .. ကျေးဇူးတင်ပါတယ်

commentinfo By: lwanhlainge at Jul 29, 2010
Comment #3

ကူးယူသွားမယ်နော ခွင့်ပြုတယ်မဟုတ်လား
ကြိုက်လို့ပါ….

commentinfo By: zenith at Nov 30, 2010
Comment #4

ချစ်သူရယ် …
မုန်းချင် မုန်းပါ
မပုန်းပါနဲ့
ငါဟာ နင့်ရဲ့ရန်သူမှ မဟုတ်တာပဲ …

မင်းအတွက်ဆို

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment