Professional Authors

အလွမ်းည

ကြွေဆင်းနေတဲ့ နှင်းစက်ကလေးတွေက
အလွမ်းတွေကို ဖန်ပေးနေပါလား ?

ကြယ်လေးတွေလည်း မငေးဖြစ်ပါဘူး
ရင်ထဲက အငွေ့အသက်တွေကို
သူလည်း လှည်းကျင်းမပေးနိုင်ဘူး

ချစ်သူ
ငါ့စိတ်ကူးတွေက နင့်အပြုံးတွေကြောင့်
တနေ့တခြား ထူးခြားလာတယ်
ငါဘာလို့ နင့်ကို အရူးအမူး ချစ်ခဲ့ရတာလဲ ?

အတွေးတွေ နဲ့ ဖြတ်ခဲ့တဲ့ည
အနွေးဓာတ်က မလုံလောက်ခဲ့ပါဘူး
ပြန်တွေး .. ပြန်ဆွေး
ခပ်ရေးရေးတောင် မမေ့အားဘူး

မိုးလင်းဖို့ ကြာလှပေါ့
အလွမ်းတွေ နဲ့ ဆော့ရတာ ငါမောနေပြီ

ငါ့စိတ်တွေက ဒယီးဒယိုင်
နင့်ကြောင့် ခြေမခိုင်တော့ဘူး
နင် မမြင်နိုင်တော့ဘူးလား

ငါ့မျက်ဝန်းတွေ တူးဖော်ဖို့မလိုပါဘူး
ငါ့အပြုံးတွေ က နင့်ကို အရှုံးပေးပြီးသား
ငါ့နှလုံးသားကို နင်တကူးတက ဖတ်စရာမလိုပါဘူး
ငါ့ချစ်စိတ်က နင့်အရိပ်မှာ အိပ်စက်ချင်တာ
နင်သိပြီးသားပါ .. ။

ကမ်းလင့်နေတာ သိရက်နဲ့
နင်ဘာကြောင့် မလှမ်းဝံ့တာလဲ
ဒီအတွေး ဂယက် နဲ့
ငါ ညဥ့်နက်ခဲ့ရတယ်

ငါ့အလွမ်းညတွေ နင့်လက်ကလေး နဲ့
လာဝှက်ပေးပါလား
ငါ့အိပ်မက်ကို နင့်အပြုံးလေးတွေနဲ့
ဖန်ဆင်းပေးပါလား

ငါကံကြမ္မာကို တိုးလျှိုး တောင်းဆိုမိတယ်
ငါ့မျက်ဝန်းကို ငါမငဲ့နိုင်ပုံများ
အလွမ်းဆူးတွေက မျက်ရည်လူးသွားတာပဲ

ဒီလိုနဲ့ ငါ့အိပ်မက်တွေ ပျက်သုန်းခဲ့ရပေါ့ ချစ်သူ

လွမ်းလှိုင်း

2 :00 am
17.1.10
( Sunday)

In: ကဗျာ Posted By: Date: Jun 14, 2010
Comment #1

ကောင်းပါတယ်
very good!
ဆက်ပြီကြွေပြနိုင်ပါစေ

commentinfo By: heart at Jul 4, 2010
Comment #2

ကဗျာ လေး လာဖတ်တာ ကျေးဇူးတင်ပါ တယ်

commentinfo By: lwanhlainge at Jul 6, 2010
Comment #3

good …
very good..

commentinfo By: Hla Myint at Sep 2, 2010
Comment #4

thz u so much

commentinfo By: lwanhlainge at Sep 30, 2010
Comment #5

nice choice of words conbine with lovely meaning.

commentinfo By: ei lay at Mar 7, 2013
Comment #6

Ohhhhhhhhh….. Soooooooo Good ..Lwanhlainge

commentinfo By: နွေ at Mar 8, 2013
Comment #7

ပြန်တွေး .. ပြန်ဆွေး
ခပ်ရေးရေးတောင် မမေ့အားဘူး

မိုးလင်းဖို့ ကြာလှပေါ့
အလွမ်းတွေ နဲ့ ဆော့ရတာ ငါမောနေပြီ

commentinfo By: werewolf at Mar 8, 2013
Comment #8

ကောင်းမွန်ပြောင်မြောက်တယ်လို့ခံစားရပါတယ်……………..

commentinfo By: werewolf at Mar 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment