Professional Authors

ငါတို့ လေ အကြောင်းပြောရအောင်

သူမ လက်ဖ၀ါး ပေါ်က လေညှင်းလေး

 သူမ ရဲ့ ပင့်သက် အတိုင်းလွင့်….

သူမ နေထိုင်ရာ လမ်းလေးထဲကနေ လေမျက်နှာမူရာအတိုင်းတည့်တည့်ထွက်သွားပြီး

ကဗျာဆရာလေးပါးပေါ်ခပ်ပါးပါးလေး ပုတ်…

ခစ်ကနဲ ရယ်သံက ကာရာအိုကေ ခန်းမ ထဲက

 လေအေးပေးစက် အတိုင်း …အေး…..လို့…။

.အခုလေ..သူ

လေယာဉ်ပျံကြီး နဲ့အတူ ..

လေလှိုင်းထဲက ဒီမိုကရေစီအတိုင်း လေလွင့်သွားလိုက်ရတာ…

တို့အနောက်မြို့ရိုးရဲ့ တံခါးမှာ သွေးခိုးသွေးငွေ့တွေ ကိုလျှံလို့…။

 

ငါတို့လေအကြောင်းပြောရအောင်…

 

အဲဒီလေဟာ နိုဘယ်ဆုရဖို့ 

အဲဒီလေဟာ ဒုတိယအကြိမ် သမတ ဖြစ်ဖို့

အဲဒီလေဟာ နယူးယောက်မြို့ကြီး ရေလွှမ်းဖို့

အဲဒီလေဟာ ငါတို့တိုင်းပြည်ကို စုပ်ယူစားသုံးဖို.

အဲဒီလေဟာ ငါတို့ကလေးတွေပေါလောမျောပါဖို့

အဲဒီလေဟာ နောက်ကျောကချောင်းရင်းဓားသွေးဖို့

အဲဒီလေဟာ ဒိုင်ယာရီထဲကဆရာမလေးရဲ့ပါးချိုင့်ကိုခိုးဖို့

အဲဒီလေဟာ ခရူးဆိပ်စစ်ပွဲတွေ တစ်ကျော့ပြန်လည်ရှင်သန်ဖို့

အဲဒီလေဟာ နွမ်းနယ်လာသူတွေအတွက်ချွေးသိပ်လန်းဆန်းစေဖို့

အဲဒီလေဟာ..

အဲဒီလေဟာ…

အဲဒီလေဟာ…

သစ္စာတရားအကြောင်း..လက်လွတ်စပယ်ပြောပြသွားလိုက်တာ…..

ကောင်းကင်ဘုံကြီးတစ်ခုလုံးတောင် ၀ပ်ဆင်းငြိမ်သက်လို့….

………………………………………..     ……………..   ………..  ……..   ….

။    ။

ခေးလ
In: ကဗျာ Posted By: Date: Jun 18, 2013
Comment #1

ကျွန်တော်သိပ်ကြိုက်တယ် ဗျ

commentinfo By: အသဲကွဲ မိုး at Jun 20, 2013
Comment #2

အဲဒီလေဟာ…

အဲဒီလေဟာ…

သစ္စာတရားအကြောင်း..လက်လွတ်စပယ်ပြောပြသွားလိုက်တာ…..

ကောင်းကင်ဘုံကြီးတစ်ခုလုံးတောင် ၀ပ်ဆင်းငြိမ်သက်လို့….

commentinfo By: May Kha at Jul 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment