Professional Authors

အမှန်အတိုင်းလေး ပြောရအောင်

မတွေ့ရတဲ့ရက်တွေ
မောင် ဘာတွေလုပ်နေလဲ
အတွေးများဖြင့် တစ်ယောက်တည်း
ချာချာလည် ရူးတော့မယ်။
သတိရမိတဲ့ရက်တွေ
တွေ့ခွင့်မရှိတဲ့ရက်တွေမှာ
မောင်တစ်ယောက် နေကောင်းပါစေ
ဆုတွေတောင်းမိတာ အကြိမ်ကြိမ်ပါ။
လွမ်းရင် လွမ်းတဲ့အကြောင်း
သတိရမိရင် သတိရမိတဲ့အကြောင်း
မောင့်ကို မညာတမ်းဝန်ခံချင်တယ်မောင်။
တခါတခါ တွေးနေမိတယ်
တို့နှစ်ယောက်ဆုံရင်
ခံစားရသမျှကို မညာတမ်း
အမှန်အတိုင်း ၀န်ခံရအောင်လားမောင်။

In: ကဗျာ Posted By: Date: Jun 28, 2012
Comment #1

a pyat a tat ko htout khan par ei,
a pyat a tat ko arr pay par ei,
😛

commentinfo By: ei lay at Jun 29, 2012
Comment #2

million thx

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment