Professional Authors

စကားလုံးတွေအကြောင်း

စကားလုံးတွေ…
တိမ်တွေနဲ့တူတဲ့စကားလုံးတွေလေ…
ပြိုကွဲ၊ပြောင်းလဲ၊ကြေပျက်၊စွန်းထင်း၊
စကားလုံးတွေကြောင့်ပဲ
ငါတို့တွေ
သင်ကြား၊မုန်းတီး၊တောက်လောင်၊ကျေနပ်၊စိတ်ပျက်ခဲ့ရပေါ့
စကားလုံးတွေအတွက်နဲ့
စကားလုံးတွေနဲ့ပဲတစ်ယောက်နဲ့တစ်ယောက်ပစ်ပေါက်ခဲ့ကြ
စကားလုံးတွေနဲ့ပဲတစ်ယောက်ကိုတစ်ယောက်ချည်နှောင်ခဲ့ကြ
စကားလုံးတွေနဲ့ပဲအဓိပ္ဗာယ်တွေကိုထွန်းညှိခဲ့ကြ
စကားလုံးတွေနဲ့ပဲဝှက်ထားတဲ့အရာတွေကိုရှာဖွေခဲ့ကြ
စကားလုံးတွေနဲ့ပဲတွေ့မြင်နေကျအရာတွေကိုမေးခွန်းထုတ်ခဲ့ကြ

စကားလုံးတွေနဲ့ပဲစကားလုံးတွေအကြောင်းပြောခဲ့ကြ
ဘယ်လိုလဲကွယ်…
ငါတို့ဟာစကားလုံးတွေကိုတီထွင်လို့
စကားလုံးတွေကလည်းငါတို့အပေါ်အရိပ်ထိုး၊ လမ်းကြောင်းလွှဲခဲ့ကြပြန်ပေါ့
အမေ၊ ကဗျာ၊ သောက၊ ‘လူဟာမြူမှုန်ငယ်တစ်ခုပဲ’ /\\/\\/\\
လေ၊ အင်္ဂါဂြိုဟ်၊ Mingalar Bar ၊ စာအုပ်၊ ဒရိုင်ဘာ
အညာဆေရို့၊ငါမင်းကို…၊ အငြိမ့်၊ မောင်ချောနွယ်၊ rSeftdrfav;
ထိခိုက်ကွဲရှလွယ်လွန်းတယ်၊ျငည၊ bk&m;ocif
As you sow; so shall you reap.
||||||||||||||||||||||||||||||||||||||||||||||||||\\
Thisistheendofpoem

AZPaing
12:10 am (17th November 2011)

In: ကဗျာ Posted By: Date: Apr 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment