Professional Authors

အကြောင်းကြောင့် အကျိုးဖြစ်တယ်..

အကြောင်းကြောင့်အကျိုးဖြစ်တယ်..

 

အကြောင်းရှိလို့ အကျိုးဖြစ်တယ်တဲ့

အကြောင်းတွေ အများကြီးရှိခဲ့တယ်..

အကျိုးဆက်ကို ဘယ်မှာရှာရမလဲ……

မွန်းကျပ်လွန်းတဲ့လေထုကို ရှူရှိုက်နေရတာလား

လေထုကိုမွန်းကျပ်အောင် ငါလုပ်မိတာလား…..  

လူတွေဟာ မျှော်လင့်ချက်ကြောင့် အသက်ရှင်ရတယ်ဆိုရင်

ရောင်နီသစ်ကို နောက်နောင်ပေါင်းများစွာအထိ မကြိုလင့်နိုင်တဲ့

လုံ့လ၀ီရိယမပါတဲ့ ငါ့ရဲ့မျှော်လင့်ချက်တွေအတွက်

ငါ ဘယ်နှစ်ခါသေဆုံးသင့်ပါသလဲ……

သက်ပြင်းချသံ ခပ်ကျယ်ကျယ်နဲ့အတူ

စိတ်ပျက်အားငယ်သွားတဲ့ ကံကြမ္မာကို

ငါ ဘယ်အချိန်ထိ ဖက်တွယ်ထားမိမှာလဲ….

လေညှင်းလေးတစ်ချက်လောက်တော့

ငါ့ဘ၀ထဲကို ခပ်ကြမ်းကြမ်းလေးတိုက်လိုက်စမ်းပါ…

လေညှင်းရေ ကြိုပြီးတော့ အားနာလိုက်ပါရဲ့

ငါ့ဘ၀ထဲကနေ နာကျည်းစွာနဲ့ ပြန်ပြီးစိမ့်ထွက်တဲ့ အချိန်မှာ

အထီးကျန်ပြီး ငြီးငွေ့စရာကောင်းလှတဲ့

စိတ်ပျက်စရာ အနံ့အသက်တွေက

မင်းရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံထားတော့မှာလေ…

လေထဲက လက်သီးတွေ မိုးလုံးပြည့်ထစ်ချုန်းနေတယ်…

စက္ကူကျားလေးတွေ တဖျတ်ဖျတ်နဲ့ လွန့်လူးနေတယ်…

သုံးစားလို့မရအောင် စုတ်ပြတ်နေတဲ့ ငါ့ဘ၀ကြီးဟာ

အမှတ်မထင်ပျောက်ပျက်သွားမယ့် နွေနေ့ခင်းရဲ့ တံလျှပ်တွေပါလို့

ငါ့ကိုယ်ငါ အကြိမ်ကြိမ်ပြောပြီးတော့

အဖန်တလဲလဲ သွေးသစ်လောင်းခဲ့တယ်…

ဒါပေမယ့်လဲ မရှက်မကြောက် မတ်မတ်ရပ်ဖို့ အတွက်

မလုံခြုံလှတဲ့ ဆူးခြုံတွေကို အားကိုးနေရတုန်းပဲလေ…

ခြေလှမ်းတွေ တစ်လှမ်းခြင်းလှမ်းခဲ့တယ်

လမ်းတွေသာမှားသွားတယ်

ငါကတော့ အသိခက်စွာလျှောက်လှမ်းနေတုန်းပဲ…

လမ်းမှန်ပေါ်ရောက်ဖို့ ဘာကိုပဲ တည်ဆောက်ရ တည်ဆောက်ရပါ

ခက်တာက အဲဒီလမ်းမှန်ကို ကိုယ်တိုင်မလျှောက်နိုင်သေးသရွေ့တော့

မွန်းကျပ်ပိတ်လှောင်နေတဲ့ ဘတ်စ်ကားကြီးပေါ်မှာ

တစ်ယောက်တည်း ခလောက်ဆန်နေခဲ့ရပြီ….

ငါကိုယ်တိုင် ရွေးချယ်ခဲ့တယ်

ငါကိုယ်တိုင် ငြင်းပယ်ခဲ့တယ်…

ငါကိုယ်တိုင် တွေးခေါ်ခဲ့တယ်

ငါကိုယ်တိုင် ဆန့်ကျင်ခဲ့တယ်…

ငါကိုယ်တိုင် ဖိတ်ခေါ်ခဲ့တယ်

ငါကိုယ်တိုင် လက်မခံခဲ့ဘူး…

ငါကိုယ်တိုင် ကြောက်လန့်ခဲ့တယ်

ငါကိုယ်တိုင် ဂရုမစိုက်ခဲ့ဘူး…

နောက်ဆုံးမှာ လူသားဆန်ဆန် စကားလေးတစ်ခွန်းပြောဖို့ကို

ငါကိုယ်တိုင် ဘယ်လောက် အားယူရဦးမှာလဲ

အဲဒီ ငါကိုယ်တိုင်ရဲ့ အချိုးအကွေ့တွေကြားထဲကနေ

လွတ်မြောက်ချင်လှပါပြီ..

နောင် ဘ၀ ပေါင်းများစွာမှာ

ငါ့ရဲ့နာကျင်စရာနေရာလပ်မရှိတော့တဲ့

သိမ်ငယ်ညံ့ဖျင်းနေတဲ့

နှလုံးသားကို လမ်းကြိုလမ်းကြားတွေမှာတွေ့ခဲ့မယ်ဆိုရင်

ရွံရှာတဲ့မျက်လုံးအစုံနဲ့ စိုက်မကြည့်ကြပါနဲ့လို့…

အကြောင်းရှိခဲ့လို့ အကျိုးဖြစ်ခဲ့ရတာပါ………………

In: ကဗျာ Posted By: Date: Sep 29, 2010
Comment #1

ဖတ်ရတာ မောပေါ့..ညီရယ်
ရှည်လိုက်တာ…
း)

မင်းလူသားတိုင်းစားချင်နေတဲ့ အသီးကို စားချင်နေပြီလား..ညီ။

ကြည့်လုပ်နော်….
း)

commentinfo By: သွေးနက် at Oct 2, 2010
Comment #2

လေညှင်းရေ ကြိုပြီးတော့ အားနာလိုက်ပါရဲ့
ငါ့ဘ၀ထဲကနေ နာကျည်းစွာနဲ့ ပြန်ပြီးစိမ့်ထွက်တဲ့ အချိန်မှာ
အထီးကျန်ပြီး ငြီးငွေ့စရာကောင်းလှတဲ့
စိတ်ပျက်စရာ အနံ့အသက်တွေက
မင်းရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံထားတော့မှာလေ…
ငါ့ရဲ့နာကျင်စရာနေရာလပ်မရှိတော့တဲ့
သိမ်ငယ်ညံ့ဖျင်းနေတဲ့
နှလုံးသားကို လမ်းကြိုလမ်းကြားတွေမှာတွေ့ခဲ့မယ်ဆိုရင်
ရွံရှာတဲ့မျက်လုံးအစုံနဲ့ စိုက်မကြည့်ကြပါနဲ့လို့…
အကြောင်းရှိခဲ့လို့ အကျိုးဖြစ်ခဲ့ရတာပါ………………
……………..
အဲဒီစာသားတွေ..အရမ်းသဘောကျတယ်.
ကိုသွေးနက်ပြောသလိုပဲ…ဟဲဟဲ…အသီးက အထဲမှာ ခါးတယ်နော်..သတိထားပေါ့

commentinfo By: အသဲကွဲမိုး at Oct 16, 2010
Comment #3

Thanks bros.

commentinfo By: ic23u0 at Oct 16, 2010
Comment #4

အကြောင်းရှိလို့ အကျိုးဖြစ်တယ်တဲ့

အကြောင်းတွေ အများကြီးရှိခဲ့တယ်..

အကျိုးဆက်ကို ဘယ်မှာရှာရမလဲ……

မွန်းကျပ်လွန်းတဲ့လေထုကို ရှူရှိုက်နေရတာလား

လေထုကိုမွန်းကျပ်အောင် ငါလုပ်မိတာလား…..

Comment #5

nice,
but everything is up to u,

commentinfo By: ei lay at Aug 23, 2011
Comment #6

Thanks Ei lay

commentinfo By: ic23u0 at Feb 7, 2013
Comment #7

ကျွန်တော် ခင်ဗျားကို သတိထားမိကြောင်းပါခင်ဗျာ…
ကျွန်တော့်ကဗျာလေးတွေကို ဂရုတစိုက်ဖတ်ရှုအားပေးလို့  ကျေးဇူးတင်မိပါတယ်
လိုအပ်တာရှိရင်လည်းထောက်ပြပါဦး

[email protected]

commentinfo By: အသဲကွဲမိုး at Apr 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment