ကောင်းကင် (တူညီခြင်း) ပင်လယ်( ခြားနားခြင်း)
ကျွန်တော့ရဲ့ ကောင်းကင်
ကောင်းကင်….
ကျွန်တော့ ရဲ့ ကောင်းကင်…
သူမဟာ…ကျွန်တော့ ရဲ့ ကောင်းကင်ပြင်…
မိုးသားနဲ့တိမ်တိုက်တွေကြား….
ဟိုသည်ပြေးပုန်းပြီး…
ကျွန်တော့ ဘ၀ကို အလှဆင်ပေးတဲ့…
ကျွန်တော့ရဲ့ ကောင်းကင်….
မိုးပြေးနဲ့လေပြေလေးတွေ….
ကျွန်တော့ကို အေးမြစေခဲ့တဲ့…
ကျွန်တော့ ရဲ့ မိုးကောင်းကင်…
ကျွန်တော် ၀မ်းနည်းချိန်
နေမင်း တလှည့် လမင်း တစ်ခါ…
နှစ်သိမ့်ပေးနေတက်တဲ့…
ကျွန်တော့ရဲ့ ကောင်းကင်ပြင်….
ကျွန်တော့အတွက်…
ချစ်စရာ ကျေးငှက်လေးတွေကို…
မညီးမညူ မွေးမြူပေးခဲ့တဲ့…
ကျွန်တော့ရဲ့ ကောင်းကင်ပြင်…
ကျွန်တော့ဘ၀အတွက်…
မားမားမတ်မတ်ရပ်တည်ပေးနေတဲ့..
ကျွန်တော့ရဲ့ ကောင်းကင်ပြင်….
ဘယ်တော့ မှ မဆုံးနဲ့ ကြင်နာချင်းတွေနဲ့…
ကျွန်တော့ဘ၀ ကို လမ်းပြပေးခဲ့တဲ့…
ကျွန်တော့ ရဲ့ ပဲ့ကိုင်ရှင်..
ကျွန်တော့ ရဲ့ အရှင်…
ကျွန်တော့ ရဲ့ ဘုရားသခင်..
သူမ ဟာ…ကျွန်တော့ ရဲ့…
အဆုံးမဲ့ မိုးကောင်းကင်……   
      
              Post by >>> Meaningless
 
                                       
ကျွန်မ ရဲ့ ပင်လယ်
သူဟာ ပင်လယ်
လှုပ်ရှားတယ်၊ ရှင်သန်တယ်၊ စီးဆင်းတယ်
သူဟာ ပင်လယ်
ငါ့ကိုေ၇နေသတ္တ၀ါတွေပေးတယ်
ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သဘောင်္ပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓားပြအရိုးစုတွေပေးတယ်
ငါ့ကို ပုံပြင်ထဲကေ၇လယ်ကျွန်းအချို့နည်းနည်းပေးတယ်။
သူဟာ ပင်လယ်
ငါ့ကို လူးလာစုန်ဆန်ကူးခတ်စေတယ်။
ရဲဝံ့စေတယ်။
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်။
သူဟာ ပင်လယ်
အဆုံးသတ်မှာ ငါ့ကိုအောက်ခြေထိ နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ။
သူဟာ ပင်လယ်
ငါ့ကို အမြဲ သိမ်ဆည်းထားလေတယ်……။
              
                     Post by >>> Lamin Khin
                                                                 
                                                     
Comment #2
So much touching.
So much touching.
                        By: ei lay at Jan 8, 2013
                    



 
Comment #1
sky n sea …..