Professional Authors

အချစ်နဲ့ ပင်လယ်

ငါတစ်ယောက်ထဲ အထီးကျန်လွန်းလို့ပါ
ဘ၀ဆိုတဲ့ပင်လယ်ထဲမှာ ကူးခတ်ရင်း
ငါ့ကို တွဲခေါ်တဲ့သူတွေလည်းရှိကြတယ်…
ငါက တွဲခေါ်ရတဲ့သူတွေလည်းရှိကြတယ်…
အချိန်တန်တော့လည်း…လက်တွဲဖြုတ်ရတာပါပဲ….

လောကဓံဆိုတဲ့ လှိုင်းတွေကိုအန်တုရင်း
ငါ့ကို နှစ်မြုပ်ဖို့ကြိုးစားတဲ့သူတွေရှိတယ်
ငါက နှစ်မြုပ်ခဲ့တဲ့သူတွေရှိတယ်….
ဒါပေမယ့်….ငါ ကူးခတ်ဆဲပါပဲ…..

မမြင်နိုင်တဲ့ကမ်းဆီကိုဦးတည်ရင်း
ငါ့ကို ဖြတ်ကျော်တက်သွားတဲ့သူတွေရှိတယ်…
ငါ့မျက်စိရှေ့မှာတင်…ကျဆုံးနစ်မြုပ်သွားတဲ့သူတွေရှိတယ်…
ငါကတော့…ဇွဲမလျော့သေးဘူးနော်….

ဒါပေမယ့်ငါ….ပင်ပန်းလှပြီ
ပတ်ဝန်းကျင်ဆိုတဲ့ ဆားငန်ရေတွေကြောင့်….
ငါ့အသိဥာဏ် မျက်လုံးတွေေ၀၀ါးလာရပြီ…
ဆုံးဖြတ်ချက်ဆိုတဲ့ မြင်ကွင်းတွေလဲ…အမှားမှားအယွင်းယွင်းနဲ့….

မင်းတစ်ယောက်ကိုတော့ ငါ မြင်နိုင်သေးတယ်….
သန့်စင်တဲ့အချစ်တွေနဲ့တည်ဆောက်ထားတဲ့…
မင်းရဲ့အချစ်လှေကိုတော့…ငါ မြင်ရသေးတယ်…
ဟိုးအဝေးဆီက လာနေတဲ့…မျှော်လင့်ချက်တွေတင်ထားတယ်…

ငါတစ်ယောက်ထဲအထီးကျန်နေလို့ပါ…
မင်းရဲ့အချစ်လှေပေါ်မှာ…လိုက်ခွင့်ပြုပါ…
မမြင်ရတဲ့တစ်ဖက်ကမ်းကို….တူတူသွားရအောင်…
ငါ့မျက်လုံးတွေေ၀၀ါးနေပေမယ့်
ငါသေချာမြင်နိုင်တဲ့…..မင်းရဲ့အချစ်လှေပေါ်မှာ….ငါလိုက်ခွင့်ပြုပါ…

(ဖတ်ဖူးတဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ်ကို…..တိုက်ရိုက်ဘာသာပြန်ထားတာပါ…..ရေးတဲ့သူကော…ကဗျာကော…သေချာမမှတ်မိတော့ပဲ…အကြောင်းအရာတွေပဲစိတ်ထဲမှာကျန်နေလို့)

In: ကဗျာ Posted By: Date: Aug 7, 2009
Comment #1

သူငယ်ချင်းရေလာဖတ်သွားပါတယ်
ပျော်ရွှင်ပါစေ…ကောင်းသောနေ့ လေးတွေပျော်ရွှင်စရာကောင်းသောနေ့ လေးတွေကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်…
ကြိုးစားပါ…နောက်များတော့ရောက်ဖြစ်ရင်လာခဲ့ပါ့မယ်

Comment #2

သူငယ်ချင်း ကဗျာများများရေးနော် ။။။။။။။။။။။။။။။

commentinfo By: phyo at Oct 9, 2009
Comment #3

အဲကဗျာလူဆိုးလည်းဖတ်ဖူးပါတယ် … ဒါပေမဲ့လူဆိုးဖတ်ဖူးတာကအချစ်လှေမဟုတ်ဘူး …
love vampire … 🙂

commentinfo By: chityellusoelay at Aug 17, 2011
Comment #4

အော် … မေ့သွားလို့နော် .. ပြင်သစ်စာရေးဆရာပဲ … နာမည်တော့မမှတ်မိတော့ဘူး ..
chrong တော့ပါတယ် … ကျန်တာတော့မမှတ်မိလို့ပါ … 🙂

commentinfo By: chityellusoelay at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment