Professional Authors

ကျွန်တော်မဖြစ်ချင်သော ပင်လယ်

ပင်လယ်လို ကောင်းကင်ကိုမျှော်ပြီး
အဖော်မရှိတဲ့ ဘ၀မဖြစ်ချင်ဘူး ။
မျောချင်ရာ လျှောက်ပြီးမျောတယ်
ဒါပေမယ့် ဘောင်ခတ်ခံထားရတယ် ။
အပြာရောင်ဆိုပေမယ့် အဌားပါပဲ ။
အရောင်ပြောင်းမလွယ်ပေမယ့် အပူချိန်တော့
ပြောင်းလွယ်တယ် ။ ဒါဟာသူ့စိတ်ကြိုက်
ပြောင်းတာလည်းမဟုတ် ။ နေရဲ့
သက်ရောက်မှု ။ နောက်ပြီး အတက်အကျမြန်တယ် ။
အဲဒါကို လကကြိုးကိုင်တယ် ။ သူ့ခမျာ သူ့ကိုယ်သူ
အဆုံးရှုံးခံပြီး သူ့ကိုယ်သူပြန်လည်မွေးဖွားတယ် ။
အရင်းပါပဲ ။ တစ်ခါတစ်ရံ ဒေါသကြီးပြတတ်တယ် ။
လှိုင်းလုံးကြီးတွေ အထပ်ထပ်နဲ့ပေါ့ ။ ဒါပေမယ့်
သူ့ကို တက်တက်စီးနေတဲ့ သဘောင်္ကြီးတွေသာမရှိခဲ့ရင်
သူမျှော်မျှော်နေတဲ့ ကောင်းကင်ကြီးကလွဲရင် ဘယ်သူမှ
သိလိုက်မှာမဟုတ်ဘူး ။ ဒါတောင် တိမ်တွေ ကြော်ငြာဝင်နေ
ရင် သွားပြီ ။

In: ကဗျာ Posted By: Date: Apr 24, 2011
Comment #1

သူငယ်ချင်း.။….. အမြဲတမ်းတော့ပင်လယ်ခမျာ ကောင်းကင်ကြီးမျက်နှာက်ုကြည့်နေရတာပါ… ကောင်းကင်အရောင်အတိုင်းပြောင်းလဲရပါတယ်….

commentinfo By: May Kha at Apr 24, 2011
Comment #2

ကောင်းလိုက်တဲ့ ကဗျာလေး
ကြိုက်၏

commentinfo By: မယ်မနော at Apr 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment