Professional Authors

အလွမ်းမိုးသည်း

 

မင်္ဂလာပါလို့

နှုတ်မဆက်ဖြစ်တာကြာပြီ

မိုးသည်းသည်းညတွေမှာ

အရင်က . . .

ချစ်သူကိုစိတ်ဆိုးတိုင်း

ကဗျာထရေးဖြစ်တယ်

အခုတော့ . .

ကဗျာလို့ ခေါင်းစဉ်တပ်ပြီး

ချစ်သူကို သည်းသည်းထန်ထန်

လွမ်းမိပါရောလား

 

တိမ်ဝင်စားကောင်လေးရေ . . 

တမ်း . . တ . . မိ . . ပါ . . ရဲ့

(နင်) ကြားရာအရပ်က

ငါ့ဆီပြန်ပါ . . အသံပြန်ပါ/အလင်းပြန်ပါ

ကဗျာတွေနဲ့ နင်ရှိနေကြောင်းပြန်ပါ

(တစ်ခုခုတော့ပြန်ဖြစ်အောင်ပြန်ခဲ့ပါ . . )

အလွမ်းတွေတောထနေတဲ့

အဲဒီစွတ်ကြောင်းလေးထဲမှာ

ငါတစ်ယောက်တည်း လူဝင်စားလိုက်ဖို့

မဖြစ်နိုင်တော့ဘူး ဆိုတာ

(နင်) နားလည်ပေးပါ  

 

ချစ်ခြင်းမေတ္တာဟာ

ကြေးသွန်းယဉ်ကျေးမှုပါဆိုတဲ့

နင်ပြောခဲ့တဲ့

ဒီစကားမှန်ရင် ရောင်ပြန်ဟပ်မှာပါလို့

မဆီမဆိုင် ခဏခဏတွေးမိတယ် . . .

 

ခုတော့ . . .

တိမ်တွေပြိုမှာ(ငါ)မကြောက်တော့ပါဘူး

နင်ငိုနေမှာထက်စာရင်

ကြယ်စင်တွေအစင်းလိုက်အစင်းလိုက်

ပဲ့ကြွေကျသွားလဲ ငါကျေနပ်တယ်

ဖြစ်ပျက်ခဲ့သမျှတွေမှာ

အလိုလိုစီးဝင်သွားမိလို့လဲ

ငါ ကျေ နပ် ပါ တယ် . . .

 

ပြန်လာခဲ့ပါ . . .

သိဟ်ရာသီနက္ခမိနေတဲ့ ဒီအချိန်မှာ

အလွမ်းတွေမပေါ့မပါးနဲ့

ငါတစ်ယောက်တည်းထမ်းထားရတာ

ပင်ပန်းလှပေါ့ . .

ပြန် . . . လာ . . .  ခဲ့ . . . ပါ

ပြန် . . လာ . . ခဲ့ . . ပါ

ပြန် . . . လာ . . ခဲ့ . . . ပါ . . တော့

လူညစ်လေးရယ် .  .  .

အလွမ်းတွေဖွေးဖွေးလှုပ်ပွင့်နေတဲ့

ငါ့ ရင်ဘတ်ထဲကပန်းတွေကို

ငါကိုယ်တိုင် ပြန်ငုံ့မကြည့်ရဲတော့လို့ပါကွာ . .      

 

 

နတ်သမီး

In: ကဗျာ Posted By: Date: May 22, 2012
Comment #1

wow,,
a yan ko kway twar p.
nattame ye thu dot ma ti bu,,, he,,he,, 😀
ei lay ka dot heart hti twar p. a hote
“myan myan pyan lar loh” pyaw like lay kwe,,, 😛

d poem lay ko nattame ye thu lay phat mi par say,,,,
nattame ye phyu sin mon myat de a chit tway arr lone ko thu myan myan ti par say,,,,
nattame ka lwe loh be thu ko hma a sar htoe p chit loh ma ya par say me,, 😛
nattame ye nar ko a myan sone pyan lar par say,,

commentinfo By: ei lay at May 22, 2012
Comment #2

ပြန်လာစေချင်သူဆီကို စရိတ်လေးတော့ ပို့ပေးသင့်တာပေါ့
နတ်ပြည်ထိပြန်လာရမှာဆိုတော့ မလွယ်လို့ ပြန်မလာသေးတာပဲဖြစ်မယ်ဗျ

ခုတော့ . . .
တိမ်တွေပြိုမှာ(ငါ)မကြောက်တော့ပါဘူး
နင်ငိုနေမှာထက်စာရင်
ကြယ်စင်တွေအစင်းလိုက်အစင်းလိုက်
ပဲ့ကြွေကျသွားလဲ ငါကျေနပ်တယ်
ဖြစ်ပျက်ခဲ့သမျှတွေမှာ
အလိုလိုစီးဝင်သွားမိလို့လဲ
ငါ ကျေ နပ် ပါ တယ် . . .

ပြန်လာခဲ့ပါ . . .
သိဟ်ရာသီနက္ခမိနေတဲ့ ဒီအချိန်မှာ
အလွမ်းတွေမပေါ့မပါးနဲ့
ငါတစ်ယောက်တည်းထမ်းထားရတာ
ပင်ပန်းလှပေါ့ . .
ပြန် . . . လာ . . . ခဲ့ . . . ပါ
ပြန် . . လာ . . ခဲ့ . . ပါ
ပြန် . . . လာ . . ခဲ့ . . . ပါ . . တော့
လူညစ်လေးရယ် . . .
အလွမ်းတွေဖွေးဖွေးလှုပ်ပွင့်နေတဲ့
ငါ့ ရင်ဘတ်ထဲကပန်းတွေကို
ငါကိုယ်တိုင် ပြန်ငုံ့မကြည့်ရဲတော့လို့ပါကွာ . . ။ ။
အဲဒီလောက်ချစ်တတ်တဲ့မနတ်သမီးဆီကို
မနတ်သမီး ပြန်လာစေချင်သူ မြန်မြန် ပြန်လာဖို့
ကူပြီး ဆုတောင်းပေးမယ်နော်

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at May 22, 2012
Comment #3

မင်္ဂလာပါလို့
နှုတ်မဆက်ဖြစ်တာကြာပြီ
မိုးသည်းသည်းညတွေမှာ
အရင်က . . .
ချစ်သူကိုစိတ်ဆိုးတိုင်း
ကဗျာထရေးဖြစ်တယ်
အခုတော့ . .
ကဗျာလို့ ခေါင်းစဉ်တပ်ပြီး
ချစ်သူကို သည်းသည်းထန်ထန်
လွမ်းမိပါရောလား

commentinfo By: alan smith at May 22, 2012
Comment #4

အလွမ်းမိုးတွေသည်း
အလွမ်းပွင့်တွေဝေ
ဒီရင်နွေပူလှပေါ့
ရင်ကော့အောင်လွမ်း
ငါအလွမ်းတွေထမ်းထားတယ်။

ပြန်လာပါစေဗျာ။…..

commentinfo By: moezat at May 23, 2012
Comment #5

အားပေးသွားတယ်ဗျ………..

commentinfo By: werewolf at May 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment