Professional Authors

ငါ့အကြောင်း

တချို့က နှလုံးသားနဲ့နားထောင်ကြတယ်
တုန်ခါမှုတချို့ မရင့်ကျက်မှုတချို့
မပြည့်ဝမှုတချို့ မတူညီမှုတချို့ကို တွေ့ရှိကြတယ်
တချို့က ကဗျာတစ်ပုဒ်လိုဖတ်ရှုကြတယ်
သိမ်မွေ့နက်နဲ့မှု ခက်ထန်မာကျောမှု
လှပသပ်ယပ်မှု ဖရိုမရဲဆန်မှုတို့ကို တွေ့ရှိကြတယ်
တချို့က ရှေးဟောင်းပစ်စည်းတစ်ခုလို သုတေသနပြုရှာဖွေလေ့လာကြတယ်
လျှိ့ဝှက်နက်ရှိုင်းမှု ခက်ခဲနက်နဲမှု
နားလည်ရခက်မှု နားလည်ရလွယ်မှု တို့ကို တွေ့ရှိကြတယ်
တချို့က ဟာသတစ်ပုဒ်လိုဖတ်ရှုကြတယ်
ပျော်ရွှင်ရယ်မောမှု နာကျင်ခံစားမှု
ဟန်ဆောင်မှု မျိုသိပ်အက်ကွဲမှုတို့ကို တွေ့ရှိကြတယ်
တချို့က ဘဝတစ်ခုလုံးစာ လေ့လာကြတယ်
အသုံးမကျမှု အသုံးဝင်မှု
ချစ်ခင်ကြင်နာမှု ခါးသီးမုန်းတီးမှုတို့ကို တွေ့ရှိကြတယ်
တကယ်တော့ငါဟာ အစွန်းနှစ်ဘက်လွတ်တဲ့ အလယ်တည့်တည့်နေရာမှာ
လက်ဝဲဘက်နည်းနည်းစွန်းတဲ့ လက်ယာဝါဒီသမားတစ်ယောက်ပဲ
နှလုံးသားနဲ့ကဗျာတစ်ပုဒ်လို သုတေသနပြုရှာဖွေပြီး
ဟာသတစ်ပုဒ်လို ဘဝတစ်ခုလုံးစာ ရှာဖွေကြည့်မယ်ဆိုရင်
အားငယ်မှု ၊ အားနည်းမှု ၊ ကြင်နာမှု ၊ သနားမှု ၊ အသုံးမကျမှု ၊
အလိုက်သိမှု ၊ တကိုယ်ကောင်းဆန်မှု ၊ နာကျည်းမှု ၊ ဝမ်းနည်းမှု ၊
ပျော်ရွှင်မှု ၊ သာယာမှု ၊ တပ်မက်မှု ၊ ရှုံးနိမ့်မှု ၊ အောင်မြင်မှုတွေနဲ့ ဒွန်တွဲနေတဲ့
ခပ်နက်နက်တောအုပ်တစ်ခုထဲက အဇ္ဈတ္တရောင်ကို အလင်းဖျော့ထားတဲ့
ရမ္မက်ရဲ့သားကောင် ။ ။
In: ကဗျာ Posted By: Date: Mar 7, 2013
Comment #1

human being

commentinfo By: ei lay at Mar 7, 2013
Comment #2

Good pa 😀

commentinfo By: Soe Shwe at Mar 8, 2013
Comment #3

Right!

commentinfo By: loafer at Mar 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment